နှင်းအိရွှေရည်က ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုလိုက်လို့ ရုံးချိန်းရောက်ရှိလာသော သရုပ်ဆောင်မင်းထက်

ယခုလက်ရှိမှာတော့ သရုပ်ဆောင်မင်းထက်ဟာ စိုးနန္ဒာကျော်နဲ့ တရားဝင်လင်မယားအဖြစ် လက်ထပ်ပေါင်းသင်းနေထိုင်နေတာဖြစ်ပါတယ်။ စိုးနန္ဒာကျော်နဲ့ လက်ထပ်ပြီးနောက်ပိုင်းမှာတော့ သရုပ်ဆောင် နှင်းအိရွှေရည်က မင်းထက်နဲ့ ပတ်သက်ခဲ့သမျှအားလုံးကို ဖွင့်ချခဲ့တာဖြစ်ပါတယ်။

နှင်းအိရွှေရည်ဟာ သရုပ်ဆောင်မင်းထက်နဲ့ သမီးလေးတစ်ယောက်ဖွားမြင်ခဲ့တာဖြစ်ကြောင်းနဲ့ ယခုလိုဖွင့်ချရခြင်းဟာလည်း လျော်ကြေးတစ်စုံတရာရယူလိုခြင်းမဟုတ်ဘဲ ကလေးရဲ့ ဖခင်ဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ဝန်ခံဖို့သာဖြစ်ကြောင်း ပြောဆိုထားပါတယ်။ သရုပ်ဆောင်မင်းထက်အနေနဲ့တော့ မချစ်မနှစ်သက်တဲ့သူတစ်ယောက်ကို ဘဝတစ်ခုလုံးပုံမပေးနိုင်သောကြောင့် အတူနေထိုင်ခဲ့မိတာမှန်ပေမယ့် နှင်းအိရွှေရည်က ဒီကိစ္စကို သူမဖြေရှင်းမယ်ဆိုသောကြောင့် အတူနေထိုင်ခဲ့မိကြောင်း ဖြေရှင်းချက်တွေ ထုတ်ခဲ့ကြပါတယ်။

အပြန်အလှန်တွေဖြေရှင်းချက်ထုတ်ပြီးနောက်မှာတော့ သရုပ်ဆောင် နှင်းအိရွှေရည်က သရုပ်ဆောင် မင်းထက် ကို ကာမလိမ်လည်မှု ရာဇသတ်ကြီး ပုဒ်မ (၄၁၇) နှင့် တရားစွဲဆို လိုက်ပါတယ်။ တရားစွဲဆိုထားမှုဖြင့် ဒီကနေ့ စက်တင်ဘာလ (၂၇) ရက်နေ့က ရန်ကုန်၊ ဒဂုံမြို့ သစ် ( အရှေ့ ) ပိုင်း မြို့နယ်တရားရုံး သို့ ပထမအကြိမ် ရုံးချိန် အဖြစ် မင်းထက်နဲ့ ဇနီးဖြစ်သူ စိုးနန္ဒာကျော် ၊ နှင်းအိရွှေရည်တို့က လာရောက် ခဲ့ကြပါတယ်။We Love Cele

Photos & Source-MC

Loading...

Facebook Comments