ငယ်ဘဝရဲ့ အတိတ်ဆိုးတွေကို မျက်ရည်စက်လက်နဲ့ ရင်နင့်စဖွယ် ငိုပြီးပြောပြလာတဲ့ ပိုပို

ပိုပိုဟာ မိသားစုနဲ့ပတ်သက်ပြီး အမြဲတစေ ပရိသတ်တွေကိုအသိပေးပြောပြခဲ့ဖူးပါတယ်။ မိစုံဖစုံနဲ့မနေခဲ့ရတဲ့ ပိုပိုတစ်ယောက်ဟာ မိသားစုရဲ့ နွေးထွေးမှုတွေကို အရမ်းပဲလိုချင်တောင့်တခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်းသူမဟာ သူမအချစ်ရေးတွေမှာ လူတစ်ယောက်ကို ပေးဆပ်ခြင်းနဲ့ ကိုယ့်ဘက်က ဘာပေးနိုင်လဲဆိုတာကိုပဲ ခေါင်းစဉ်တင်ပြီး ချစ်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

ငယ်စဉ်ဘဝတည်းက ဖခင်က နောက်အိမ်ထောင်ပြုသွားလို့ အဘွားဖြစ်သူနဲ့သာ ဘဝကိုခက်ခဲစွာဖြတ်သန်းခဲ့ရတဲ့ ပိုပိုတစ်ယောက်ကတော့ ဒုက္ခဆိုတာကို အရွယ်နဲ့မလိုက်အောင် ရရှိသွားခဲ့သူပါ။ ၅ တန်းတည်းက ဝတ်ခဲ့ရတဲ့ လုံချည်တစ်ထည်တည်းကိုလည်း ဆယ်တန်းထိအောင် ဝတ်ခဲ့ရတဲ့ ပိုပို့ဘဝဟာ စိတ်မကောင်းစရာဖြစ်လှပါတယ်။ သူမဘဝရဲ့ အဆင်မပြေခဲ့မှု မိသားစုအပေါ်လွမ်းဆွတ်တောင့်တမှုတွေကို ဝမ်းနည်းစွာ ငိုကြွေးပြောဆိုလာခဲ့တာလည်းဖြစ်ပါတယ်။

ဝမ်းနည်းစွာပြောဆိုလာတဲ့ ပိုပို ရဲ့ video လေး

မိခင်ဖြစ်သူနဲ့ပတ်သက်ပြီးတော့လည်း လွန်ခဲ့တဲ့ ၂၀၁၇ နှစ်လောက်တုန်းက ”အမေဒီ Vedio file ကိုမြင်မယ်ဆို၂၃ နှစ်လုံးလုံးအမေ့နားမှာနေချင်ခဲ့တဲ့သမီးနှလုံးသားကိုအမေမြင်မှာပါစိတ်ညစ်စရာတွေတွေ့ရင်အမေ့ရင်ခွင်ထဲ ခေါင်းတိုးငိုချင်ခဲ့တာ တနေ့မှာ အမေနဲ့ အတူနေဖို့ စိတ်ကူးတွေ လွန်ခဲ့တဲ့ ၄နှစ်ကတည်းက စွန့်ပစ်ခဲ့တာပါ The End Mom မိသားစု မရှိပဲနေခဲ့တာ အသားကျရုံမက အသားမာပါတက်နေပေါ့ အမေ .ပဋ္ဌာန်းစာအုပ် အလှူရှင်နာမည်ရေးတော့ အမေ့နာမည်မပါတာဘာလို့လဲသိလား အမေ အမေ့မိသားစုသိရင် အမေနေရခက်မှာစိုးလို့ပါ”ဆိုပြီး သူမအကောင့်မှာတင်ထားခဲ့ဖူးပါတယ်။ We Love Cele

Video Source-Myanmar Celebrity

Loading...

Facebook Comments