သိပ်ချစ်ရတဲ့ ဖေဖေ့အတွက် မွေးနေ့ဆုတောင်းလေးပြုလုပ်ပေးခဲ့တဲ့ ကျော်ရဲအောင်ရဲ့သမီးလေး မှုံနံသာကျော်ရဲအောင်

ကျော်ရဲအောင် ဆိုတဲ့ မင်းသားကြီးကတော့ ပရိသတ်တွေ ငယ်ရွယ်စဉ်အခါထဲက ကြိုက်နှစ်သက်ခဲ့ရတဲ့ မင်းသားကြီးတစ်လက်ဖြစ်သလို ယနေ့အချိန်ထိအောင်လဲ နှလုံးသားထဲမှာ ရှိနေသေးတဲ့ မင်းသားကြီးတစ်လက်ပဲဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာတော့ မင်းသားကြီး ကျော်ရဲအောင်ဟာ အနုပညာအလုပ်တွေ သိပ်မပြုလုပ်တော့မယ် သမီးဖြစ်သူ မှုံနံသာကျော်ရဲအောင်ကတော့ အနုပညာလောကထဲကို တဖြေးဖြေးဝင်ရောက်လာခဲ့ပါတယ်။

ဒီကနေ့မှာဆိုရင်လည်း သမီးလေး မှုံနံသာ ဟာ သူမရဲ့ ချစ်ရတဲ့ ကျေးဇူးရှင် ဖေဖေကို မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။

သိတတ်နားလည်တဲ့ သားသမီးလေးတွေရဲ့ happy birthday ပါ ဖေဖေဆိုတဲ့ စကားလေးတစ်ခွန်းက ဖခင်တစ်ယောက်အတွက်တော့ အရမ်းကို ပီတိဖြစ်ရတဲ့ စကားလေးတစ်ခွန်းပါပဲ။

ဖေဖေကျော်ရဲအောင် အနေနဲ့လည်း အခုလို အရာရာသိတတ်နားလည်ပြီး လိမ္မာရေးခြားရှိရုံသာမက ရုပ်ရည်ကလေးကလည်း ချစ်စရာကောင်းလှတဲ့ သမီးလေးကို ပိုင်ဆိုင်ထားတဲ့အတွက် အရမ်းပျော်ရွှင်ရမယ်လို့ထင်ပါတယ်။

ပရိသတ်တွေလည်း ဖေဖေကျော်ရဲအောင်ကို အားပေးခဲ့သလို သမီးလေး မှုံနံ့သာကိုလဲ အနုပညာလောကထဲမှာ အောင်မှုတွေရရှိအောင် ဝန်းရံပေးကြဦးနော်။

source – Hmone Nathar

Loading...

Facebook Comments