ဖြိုးမြတ်အောင်ကိုမောင်လေးက ချစ်စရာလေးလို့ပြောလိုက်တဲ့ နန်းသီရိမောင်

မော်ဒယ်နဲ့ အဆိုတော် နန်းသီရိမောင်ဟာဆိုရင် ချစ်စရာမျက်နှာလေးနဲ့ ပိုင်နိုင်တဲ့ သီဆိုဟန်တွေကို ပရိသတ်တွေကြားချပြပေးခဲ့တဲ့ သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ ” သိပ်ချစ်မိတော့ သိပ်လွမ်းရတယ်” ဆိုတဲ့ သီချင်းလေးကို ပြန်လည် သီဆိုပေးရာကနေ လူသိများပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားခဲ့တဲ့ သူလေးတစ်ယောက်ပါ။ အားလုံးရဲ့ ချစ်ခင်မှုကို ရရှိလာခဲ့တဲ့ သူမကတော့ ယခုဆိုရင် ဖြိုးမြတ်အောင်နဲ့ တွေ့ဆုံခဲ့ကြကြောင်းနဲ့ အမကြီးအမိရာကနေ ဆုံးမစကားတွေ ဆိုခဲ့ကြောင်းကို သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားတာပဲဖြစ်ပါတယ်။

” ခုမှ ရိုက်ဖူးတာ မောင်လေးကတွေ့ရင် တလေးတစားနှုတ်ဆက်တတ်တာလေးက ချစ်စရာလေး ဘယ်သူဘယ်လောက် နံမည်ကြီးကြီး ဘယ်နိုင်ငံက ဘယ်မင်းသားပဲ နိုင်ငံကြော်ပဲလာလာ အတင်းလုရိုက် နေရာယူယူ အတင်းသွားရိုက်ရတာတွေ လုံးဝမကြိုက်တတ်သော အကျင့်ကရှိနေလို့စ် မမ နဲ့ သူ့မောင်လေး အမကြီးအမိရာပေါ့ ဆုံးမစကားတွေဆိုခဲ့သေးတာ သူ့ဖန် ကိုယ့်ဖန် တဲ့ ကျေနပ်တယ် မောင်လေး ” ဆိုပြီး ရေးသားဖော်ပြပေးထားခဲ့တာပဲဖြစ်ပါတယ်။ ဖြိုးမြတ်အောင်နဲ့ ချစ်စရာကောင်းတဲ့ နန်းသီရိမောင်တို့ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်၊ ကြည့်ရှုအားပေးကြပါဦး ချစ်ပရိသတ်ကြီးရေ။

ဖြိုးမြတ်အောင်ကို ချီးကျူးစကားဆိုပေးပြီး အမကြီးအမိရာကနေ ဆုံးမစကားဆိုပေးခဲ့တယ်ဆိုတဲ့ နန်းသီရိမောင်ရဲ့ ပုံရိပ်လေးတွေကို သဘောကျနှစ်သက်တယ်ဆိုရင် မျှဝေပြီး အားပေးလိုက်ကြပါဦး ပရိသတ်ကြီးရေ။ ဖတ်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit: hlataw

Loading...

Facebook Comments