ရက်သားလေးသာရှိသေးပေမယ့် အရမ်းကို ချောနေပြီဖြစ်တဲ့ မြတ်ရတနာကျော်ရဲ့ သမီးလေး ဗီဒီယို

စက်တင်ဘာလ (၁၃) ရက်နေ့မှာ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ရဲ့ ဘဝလေးထဲကို ကံကောင်းခြင်းတွေသယ်ဆောင်လာပြီး ရောက်ရှိလာခဲ့တာကတော့ သမီးလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ဝေဖန်မှုတွေကို လျစ်လျူရှုပြီး နှစ်ယောက်သား ချစ်မြတ်နိုးစွာနေရင်းကနေ ခုဆိုရင်တော့ မိသားစုသစ်လေးတစ်ခုကိုပိုင်ဆိုင်သွားရပြီဖြစ်ပါတယ်။

မွေးတည်းက သိပ်ချစ်ဖို့ကောင်းခဲ့တဲ့ သမီးလေးကို ပရိသတ်တွေကလည်း အရမ်းချောလွန်းလို့ မှတ်ချက်တွေပေးနေကြပါသေးတယ်။ သမီးလေးကိုတော့ အာဘွိုင်းတို့ ဇနီးမောင်နှံက Scarlett Phyo Tun လို့ နာမည်လေးပေးထားတာလည်းဖြစ်ပါတယ်။ စမွေးစဉ်က ၆ ပေါင် ၁၄ အောင်စ ရှိခဲ့တဲ့ သမီးလေးကတော့ ခုဆိုရင် ပိုပိုပြီးချောလာတာကိုတွေ့ရပါတယ်။

မိခင်ဖြစ်သူ မြတ်ရတနာကျော်ကတော့ ပိုပိုချစ်ဖို့ကောင်းလာတဲ့ သမီးလေးရဲ့ ဗီဒီယိုလေးကိုရိုက်ပြီး သူမအကောင့်မှာတင်ခဲ့ပါတယ်။ ရက်ပိုင်းအရွယ်လေးသာရှိသေးပေမယ့် ချစ်စရာမျက်လုံး၊ မျက်နှာပေါက်လေးကြောင့် ပရိသတ်တွေက ငယ်ငယ်လေးနဲ့ပင် ချောနေတဲ့ကလေးလေးလို့ မှတ်ချက်ပေးနေကြတာလည်းဖြစ်ပါတယ်။ သမီးလေး Scarlett ရဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ ဗီဒီယိုလေးကို ခုပဲဖော်ပြပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်

We Love Cele

Facebook Comments

Loading...

Facebook Comments