သမ္မတရုံးက သတိပေးပြီးနောက် ဒေါ်လာဈေး အနည်းငယ်ပြန်ကျ

စံချိန်တင်မြင့်တတ်ခဲ့တဲ့ အမေရိကန်ဒေါ်လာဈေးနဲ့ ပြည်တွင်းရွှေဈေးတွေ ဟာ စက်တင်ဘာလ(၂၄)ရက်ဒီနေ့မှာတော့ ဈေးပြန်လည်ကျ လာပါတယ်။ ဒေါ်လာဈေးကစားသူတွေနဲ့ ပုံမှန်မဟုတ်တဲ့ရောင်းဝယ်မှု
တွေကို စိစစ်အရေးယူသွားမယ်လို့ စက်တင်ဘာလလ (၂၁)ရက်က
နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတိပေးခဲ့ပြီး တဲ့နောက် ဈေးကွက်မှာ အမေရိကန်ဒေါ်လာဈေး အနည်းငယ်ပြန်ကျ လာတာဖြစ်ပါတယ်။ စက်တင်ဘာလ (၂၀)ရက်က တစ်ဒေါ်လာကို
မြန်မာကျပ်ငွေ (၁၆၄၀)၀န်းကျင်ထိ စံချိန်တင် မြင့်တတ်ခဲ့တဲ့ အမေရိကန်
ဒေါ်လာဈေးဟာ စက်တင်ဘာလ (၂၄)ရက်မှာတော့ တစ်ဒေါ်လာကို
မြန်မာကျပ်ငွေ (၁၆၀၀) ၀န်းကျင်နဲ့ ဈေးပြန်လည်ကျဆင်းခဲ့တာဖြစ်ပါ တယ်။

ဒေါ်လာငွေဈေး အတက်အကျ မြန်နေတာကြောင့် အရောင်းအ၀ယ်က မရှိသလောက်ဖြစ်နေတယ်လို့ နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။ လက်ရှိမှာ ဒေါ်လာဈေးကျနိုင်တဲ့ အလားအလာရှိနေတာကြောင့် ဒေါ်လာပြန်ရောင်းချင်သူတွေပိုများနေပြီး ၀ယ်ယူမယ့်သူတွေကတော့ ဈေးကွက်စောင့်ကြည့်နေတဲ့ အနေအထား ရှိတယ်လို့ နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦး က ပြောပါ တယ်။

ဒေါ်လာဈေးကျလာသလို စက်တင်ဘာလ(၂၀)ရက်က အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် (၁၀၅၀၀၀၀)ထိ စံချိန်တင်တက်ခဲ့တဲ့
ပြည်တွင်းရွှေဈေးဟာလည်း ဈေးပြန်ကျလာပါတယ်။ စက်တင်ဘာလ (၂၄)ရက် ဒီနေ့မှာတော့ အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် (၁၀၀၄၀၀၀)၀န်းကျင်နဲ့ ဈေးဖွင့်ခဲ့ပါတယ်။

Credit : PLUS NEWS

Loading...

Facebook Comments