မတွေ့တာကြာပြီဖြစ်တဲ့ တူမလေး ဇူးဇူးမောင်နဲ့အတူ လိုက်မမှီအောင် အပြတ်လန်းပြခဲ့တဲ့ မေသန်းနု

ပရိသတ်ကြီးရေ ထပ်ဆင့်အကယ်ဒမီ မင်းသမီးကြီး မေသန်းနုကတော့ နှိုင်းယှဉ်လို့မရလောက်အောင် သဘာဝကျပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ အောင်မြင်မှုသရဖူဆောင်းလာခဲ့တာဟာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ အံ့အားသင့်လောက်အောင် အရွယ်တင်နုပျိုလှပတဲ့ မေသန်းနုက ယနေ့တိုင်အောင် ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးနဲ့ ပရိသတ်တွေရဲ့ အချစ်ကိုခံယူထားဆဲ ဖြစ်ပါတယ်။ လူငယ်တွေထက်တောင် ခေတ်မှီဆန်းသစ်တဲ့ဖက်ရှင်တွေနဲ့ အမြဲလှနေတတ်တဲ့ မမဆင့်တစ်ယောက် အခုလည်း ပရိသတ်တွေရဲ့အသည်းကို ခြွေယူလိုက်ပြန်ပါတယ်။

 

လတ်တလောမှာ မေသန်းနုက သားလေး မင်းသန့်မောင်မောင်ရဲ့ဘွဲ့ယူအခမ်းအနားကြောင့် ကယ်လီဖိုးနီးယားနိုင်ငံကို ရောက်ရှိနေတာ တွေ့ရပါတယ်။ သားလေးရဲ့ ထူးချွန်မှုကို ဂုဏ်ပြုနိုင်ဖို့အတွက် ခင်ပွန်းဖြစ်သူ စင်ယော်မောင်မောင်နဲ့အတူ သားရှိရာနိုင်ငံကို အရောက်သွားခဲ့တာ ဖြစ်ပါတယ်။ သားလေးနဲ့တွေ့ဆုံရင်း တူမလေးဇူးဇူးမောင်နဲ့ပါ မတွေ့တာကြာတာကြောင့် အလွမ်းသယ်ခဲ့သလို သားရဲ့အခမ်းအနားပွဲလေးကိုလည်း တူမလေးနဲ့ အတူတက်ရောက်ခဲ့ပါတယ်။

အခုလည်း ရုပ်ချင်းဆင်ပြီး ချစ်စရာကောင်းတဲ့ မေသန်းနုတို့ တူအရီးက အလန်းစားစတိုင်တွေနဲ့ အားလုံးငေးလောက်အောင် အပြတ်လန်းနေတာ တွေ့ရပါတယ်။ နေကာမျက်မှန်လေးတပ်ရင်း နေပူဆာလှုံနေတဲ့ သူမတို့နှစ်ယောက်က စကတ်တိုလေးတွေနဲ့ မကြွေပဲမနေနိုင်လောက်အောင် လှနေကြပါတယ်။ တီတီမေသန်းနုကလည်း တူမလေးနဲ့ညီအစ်မလို့ပင် ထင်ရလောက်အောင် နုပျိုလန်းဆန်းနေတာကြောင့် ပရိသတ်တွေက ချစ်မဝဖြစ်ခဲ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မေသန်းနုတို့တူအရီးရဲ့ အမိုက်စားစတိုင်နဲ့ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: May Than Nu;

Loading...

Facebook Comments