မိန်းမကိုယ်တိုင် ဖြေရှင်းလာတဲ့ ငှက်ပျောကျော် ရဲ့ KTV ကိစ္စ

ဟာသ သရုပ်ဆောင် လဲဖြစ်၊ လူရွှင်တော်လဲဖြစ်တဲ့ ငှက်ပျောကျော်ဟာ လွန်ခဲ့တဲ့ ၂ရက်လောက်က ကောင်မလေးတစ်ယောက်နဲ့ တွဲဖက်ရိုက်ကူးထားတဲ့ ပုံတစ်ခုနဲ့ အတူ KTV မှာ စမောဆွဲနေတယ်ဆိုတဲ့ သတင်းတစ်ခု ထွက်ရှိခဲ့ပါတယ်။ အဆိုပါသတင်းကြောင့် ပရိသတ်တွေကြား အနည်းငယ်ပြောစရာတွေဖြစ်ခဲ့ပေမယ့် အမာခံပရိသတ်တွေနဲ့ အနုပညာညီကိုမောင်နှမတွေက လဲ ပြန်လည်ဖြေရှင်းပေးခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ ငှက်ပျောကျော်ရဲ့ဇနီးဖြစ်သူ မနေဇာဘုန်းမြင့် ကလဲ သူမရဲ့ဖေ့စ်ဘုတ်အကောင့်ကနေ ထိရောက်တဲ့ စကားလုံးတွေနဲ့ ဖြေရှင်းပေးလာခဲ့ပါတယ်။

 

သူမရေးသားထား ခဲ့တာကတော့ ” ဦိးငှက်နဲ့ ကလေးမလေး တစ်ယောက်တွဲရိုက်ထားတဲ့ ပုံကို တင်ပြီး စမောဆွဲနေတဲ့ ဥိင်္းငှက်ဆိုပြီး အပုပ်ချထားတယ် ။ အဲ့ဒီပုံက အခု အောင်ပန်းမှာ ကားရိုက်နေရင်း ကလေးမက အနုပညာရှင်တွေ အားလုံးနဲ့ တွဲရိုက်ထားတဲ့ ၊ ပုံတွေထဲက ပုံတစ်ပုံပါ ။ ရှယ်တဲ့သူတွေကလည်း ဘာရည်ရွယ်ချက်နဲ့ ရှယ်ကြလဲမသိဘူး ခပ်တည်တည်ပဲ ရှယ်နေကြတယ် ။ အဲ့ဒီိပုံကို ကျွန်မ ဖရန်းတွေက မြင်တော့ လာ လာ ပြကြတယ် ။( ပြပေး ပြောပြပေးတဲ့ ဖရန်းတွေကိုလည်း တကယ် ကျေးဇူးတင်ပါတယ်)” ဆိုပြီး ပြောခဲ့ပါသေးတယ် ။

အဲ့ဒီနောက်မှာတော့ ” ပြောချင်တာက သူများကို ချနင်း ချင်ရင် သတင်းက ခိုင်မာမှုရှိလားဆိုတာ အရင် လေ့လာလိုက်ပါဦိး ။ မဟုတ်ပဲ ချနင်းတာ ကိုယ့်လိပ်ပြာ ကိုယ်ရော လုံရဲ့လား ။ အဲ့ဒီိလို လုပ်လို့စားဝင် အိပ်ပျော်တယ်ဆိုလည်း ကျွန်မကတော့ ချနင်းတဲ့ သူတွေကို မြောင်းပုပ်ထဲက ရွံ့တွေလိုပဲ သဘောထားတယ် ။ ဦးငှက် KTV မကလို့ မာဆွတ်ပဲ သွား သွား ကျွန်မအတွက်တော့ Don’ t care ၊ ယောကျာ်းပဲ တခါတလေ အပျော်ရှာတာ နားလည်ပေးထားပြီးသား ၊ အပြင်မှာ ကောင်မာလေးတွေနဲ့ ဖုန်းပြောနေလား ချိန်းတွေ့နေလား စိတ်ကို မ၀င်စားဘူး ။ နောက်ဆုံး သိနေရင်တောင် မမေးဘူး ။ အပျော်ဟာ အပျော်ပဲလေ နံပတ်တစ်ဆိုတာ အမြဲတမ်း ၁ ပဲ ၊ သေတဲ့ထိရော သေပြီးနောက်ရော ပြောင်းသွားမှာမှ မဟုတ်တာ … ။တချို့လူတွေက တကယ့် ဟာသ အိုးကမပူ စလောင်းက ပူ ပူလွန်းကြတယ် ” ဆိုပြီးလဲ ဒီကောလဟာလသတင်းနဲ့ ပတ်သက်ပြီး သူမရဲ့ စိတ်သဘောထားကိုပြောပြခဲ့ပါတယ်။

KKK(momolay)
Source – Nayzar Phone Myint’s fb
Credit :www.momolay.com

Loading...

Facebook Comments