တောင်ညွှန့်လူသတ်မှု ကျူးလွန်သူဘက်ကရပ်တည်ရင်း အမျိုးသားထုကြီးတစ်ရပ်လုံးကို တောင်းဆိုလိုက်တဲ့အေသင်ချိုဆွေ

တောင်ညွှန့်လူသတ်မှုကျူးလွန်သူ အမျိုးသမီးဘက်ကနေရပ်တည်ရင်း တဏှာဖက်တဲ့ အမျိုးသားတွေ ၊ သူများသားပျိုသမီးပျိုကို ဖျက်စီးတတ်တဲ့လူတွေအတွက် တုန့်ပြန်စကားဆိုလိုက်တာကတော့ နိုင်ငံကျော်တေးသံရှင်အေသင်ချိုဆွေပါ ။ အတိတ်က ဖြစ်ရပ်တစ်ခုကို ပြည်ဖုံးကားချပြီး Single Mother ဘဝကို ခံယူနေခဲ့တဲ့ အေသင်တစ်ယောက် တောင်ညွှန့်လူသတ်တရားခံ အမျိုးသမီး ကို အပြည့်အဝ ကိုယ်ချင်းစာပေးနိုင်တယ်ဆိုတာ ယုံမှားစရာမရှိပါဘူး ။

 

အေသင်တစ်ယောက် ” ယောကျာ်းများအားလုံးကို တခုပြောချင်တယ် မိန်းကလေးတွေအပေါ် နှမချင်းကိုယ်ချင်းစားကြပါ ၊မိန်းမတွေအပေါ် လေးစားကြပါ ” လို့ အမျိုးသားထုကြီးတစ်ရပ်လုံးကို တောင်းဆိုလိုက်ပါပြီ ။ တောင်ညွန့်လူသတ်မှု ဟာ အမျိုးသမီးတွေရဲ့ တရားမျှတမှုမရှိတာ ၊ အနိုင်ကျင့်ခံရတာ တွေကို မီးမောင်းထိုးပြလိုက် တာလို့ အမျိုးသမီးအသိုင်းအဝိုင်းက ပြောဆိုနေကြတာပါ ။

အေသင်တစ်ယောက် ကတော့ ဖိနှိပ်ခံရတဲ့အမျိုးသမီးတွေဘက်က ရပ်တည်ရင်းအမျိုးသားထုကြီးတစ်ရပ်လုံးကို ကြီးမားတဲ့တောင်းဆိုချက်တစ်ခုအဖြစ်တောင်းဆိုလိုက်ပါပြီ ။ ပရိသတ်ကြီးရေ အေသင်နဲ့ ရင်ဘတ်ခြင်းတူရင် မှတ်ချက်မှာပြောပြခဲ့ပါ ။

Source – Athen Cho Swe

Loading...

Facebook Comments