မြန်မာနိုင်ငံမှာရှိတဲ့ ဘိုးဘိုးဘွားဘွားအိမ်မှာ အပျော်ကြီးပျော်နေကြတဲ့ ယွန်းတို့သားအမိရဲ့ ဗီဒီယို

ယွန်းဝတီလွင်မိုး ခေါ် ခေးလေးကတော့ မကြာသေးခင်ရက်ပိုင်းကပဲ သားသားလေး Liam နဲ့အတူ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ နှစ်ဖက်မိသားစုရဲ့ သည်းသည်းလှုပ်ချစ်ခံရတဲ့ တစ်ဦးတည်းသော မြေးဦးလေး Liam ကို အဘိုး အဘွားတွေက အရမ်းချစ်နေကြတာတော့ ပြောပြစရာတောင်မလိုတော့ပါဘူးနော်။

 

Liam လေးကို ပရိသတ်တွေက ဘိုးဘိုးဖြစ်သူ လွင်မိုးနဲ့တူတယ်ဆိုတဲ့ မှတ်ချက်တွေပေးမှုကြောင့် အဘိုးဖြစ်သူမှာလည်း ပီတိတွေဖြစ်ပြီးပျော်နေလိုက်တဲ့ မျက်နှာကိုလည်းတွေ့ရပါသေးတယ်။ သားလေးနဲ့အတူ သြစတြေးလျမှာ နေထိုင်ပြီး ခဏတာပြန်လာတဲ့ ယွန်းဝတီလွင်မိုးဟာ မြန်မာပြည်ကိုပြန်အရောက်မှာတော့ သူမ ဆာလောင်ငတ်မွတ်နေတဲ့ မြန်မာအစားအစာတွေကို စိတ်ကြိုက်စားနေတာကိုလည်းသူမရဲ့ IG မှာတင်ထားပါသေးတယ်။

သားလေး Liam ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ဘိုးဘိုးဘွားဘွားအိမ်မှာပျော်နေတဲ့ ပုံကိုလည်း လွင်မိုးရဲ့ဇနီးဖြစ်သူ မမေသူအကောင့်မှာတင်ထားပါသေးတယ်။ မြန်မာနိုင်ငံက ဘိုးဘိုးဘွားဘွားဆီမှာ ပျော်နေတဲ့ မေမေခေးလေးနဲ့ သားသားလေး Liam တို့ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ We Love Cele

မေမေခေးနဲ့သားသားလေး အိပ်ပျော်နေတဲ့ ဗီဒီယို

Facebook Comments

Loading...

Facebook Comments