အချစ်ဆုံးတွေကို စိတ်မဆိုးဖို့ပြောလိုက်တဲ့ စည်​သူဝင်း

ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံး သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့သဲသဲလှုပ်အားပေးမှုကို ခံထားရတဲ့ မင်းသားချောလေး စည်သူဝင်းကတော့ သူ့ရဲ့တည်ကြည်ခန့်ညားတဲ့ ရုပ်ရည်ကြောင့်လည်း လူသိများသူတစ်ဦးပါ။ လတ်တလောမှာလည်း စည်သူဝင်းက ရှုတင်တစ်ခုမှာ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းနဲ့အတူ ဆုံနေကြတဲ့အကြောင်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ပုံရိပ်တွေကတော့ အရမ်းကိုလိုက်ဖက်ညီပြီး ချစ်စရာကောင်းတာမို့ ချစ်ပရိသတ်တွေ စိတ်မဆိုးကြဖို့ကိုလည်း ပြောထားပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေအတွက် ရှုတင်တစ်ခုမှာ အတူဆုံနေကြတဲ့ စည်သူဝင်းနဲ့ နန်းစန္ဒာလှထွန်းတို့ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

 

စည်သူဝင်းကတော့ “ရှုတင်ကအရူးမတစ်ယောက်နဲ့ စိတ်မဆိုးနဲ့ ကိုရဲ အချစ်ဆုံးတွေ ” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးသားထားတာပါ။လတ်တလောမှာပြသပြီးခဲ့တဲ့ “မိုးကောင်းကင်အိမ်မက်” ဇာတ်လမ်းတွဲကြီးထဲမှာလည်း စည်သူဝင်းက “ရဲသွေး” ဆိုတဲ့ ကာရိုက်တာကို အကောင်းဆုံးနဲ့ အပီပြင်ဆုံး သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေက ဝက်ဝက်ကွဲ အားပေးခဲ့ကြတာပါ။

Myint Myat
Source;Si Thu Win’s Facebook
Credit :www.momolay.com

Loading...

Facebook Comments