“ပရိသတ်တွေ မြင်တွေ့ရခဲတဲ့ လွှမ်းပိုင်နဲ့ ထက်ထက်တို့ရဲ့ အချစ်သက်သေလေးတစ်ခု”

ချစ်သူသက်တမ်း ကြာမြင့်လှပြီဖြစ်တဲ့ အနုပညာရှင်စုံတွဲတွေထဲမှာတော့ လွှမ်းပိုင် နဲ့ ထက်ထက်တို့ စုံတွဲလေးက မပါမဖြစ်ပါပဲ။သူတို့စုံတွဲလေးကတော့ အနုပညာအလုပ်တွေများစွာထဲမှာက rap ဂီတကို ခုံမင်နှစ်သက်ကြတဲ့ ဝါသနာတူ အကြိုက်တူ cele စုံတွဲလေးတစ်တွဲ ပဲဖြစ်ပါတယ်။သူတို့နှစ်ဦးဟာ တစ်ဦးနဲ့တစ်ဦးနဲ့ လိုက်ဖက်ညီလှသလို နှစ်ယောက်အတူ ပွဲတက်တဲ့အခါတွေမှာလည်း နေနဲ့လ ရွှေနဲ့မြလိုပါပဲ။ဒီတစ်ခေါက် လူမှုကွန်ယက်ပေါ်မှာဆိုရင်လည်း သူတို့စုံတွဲလေးဟာ ပရိသတ်တွေ မြင်နေကြ မဟုတ်တဲ့ ပုံရိပ်လေးတစ်ခုကို update လုပ်ခဲ့ကြပါတယ်။ထိုပုံလေးကတော့ ရေကူးကန်ထဲမှာ အတူရိုက်ကူးထားတဲ့ သူတို့နှစ်ဦးရဲ့ စုံတွဲ selfie ပုံရိပ်လေးတစ်ခုပဲဖြစ်ပါတယ်။

 

အရင်ကတော့ သူတို့နှစ်ဟာ ရေးကူးကန်ထဲမှာ တစ်ယောက်တည်း ရိုက်ထားတဲ့ ပုံတွေပဲ တင်လေ့ရှိတာကြောင့် အခုပုံလေးဟာ ပရိသတ်တွေကြား
မှာ အနည်းငယ် ဆန်းသစ်သလို ဖြစ်နေတာပါ။အခုပုံရိပ်လေးဟာဆိုရင်လည်း သူတို့နှစ်ယောက်ရဲ့ အချစ်တွေကို ပုံရိပ်လေးနဲ့ဖွင့်ဟပြလိုက်သလိုပါပဲ။ချစ်သူသက်တမ်းက နှစ်ပေါင်းများစွာရှိလာသည့်တိုင်အောင် တယောက်အပေါ်တစ်ယောက် သစ္စာရှိရှိ ချစ်ကြတဲ့ လွှမ်းပိုက်နဲ့ ထက်ထက်တို့စုံတွဲလေးကို အမြဲတမ်းချစ်နေကြမယ် မလား ပရိသတ်ကြီးရေ။

Source – Hlwan Paing

Facebook Comments

Loading...

Facebook Comments