အနုပညာရှင်တို့ရဲ့ နာမည်ကျော်ဆယ်လီ ရင်သွေးလေးများ

ဒီကနေ့မှာတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အနုပညာရှင်တွေရဲ့ ဆယ်လီရင်သွေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။ သူတို့တွေက မိဘတွေရဲ့ အနုပညာသွေးတွေစီးဆင်းပြီး အနုပညာအလုပ်တွေကိုလည်း ဝါသနာပါကြတဲ့ သူတွေဖြစ်လို့ အချို့တွေကလည်း ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားသူလေးတွေ ဖြစ်မှာပါ။ သူတို့လေးတွေထဲကမှ ဘယ်သူ့ကို အချစ်ဆုံးလဲဆိုတာကို ပြောပြခဲ့ဦးနော်။



၁။ ပန်းရောင်ခြယ်

သူမကတော့ အသံချိုချိုအေးအေးလေးနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်တဲ့ သူမဖခင် ဂရေဟမ်ရဲ့ သီချင်းဆိုစွမ်းရည်ကို ပိုင်ဆိုင်ပြီး မွေးဖွားလာတဲ့ သူတစ်ယောက်ပါ။ ပန်းရောင်ခြယ်ကတော့ ချစ်စရာကောင်းပြီး၊ ဖြူစင်လွန်းတဲ့ သူမရဲ့ သွင်ပြင်ကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။



၂။ ယွန်းဝတီလွင်မိုး

မကြာသေးခင်ကမှ ချစ်သူနဲ့ ရွှေလက်တွဲသွားခဲ့တဲ့ ယွန်းဝတီလွင်မိုးကတော့ နာမည်ကျော်မင်းသားကြီး လွင်မိုးရဲ့ ချစ်သမီးလေးဖြစ်ပါတယ်။ သူမကတော့ အိမ်ထောင်ကျပြီးနောက်မှာလည်း အနုပညာအလုပ်တွေကို လုပ်ဆောင်နေဆဲဖြစ်ပြီး ပရိသတ်တွေနဲ့ အမြဲ အထိအတွေ့ရှိတဲ့ သူလေးတစ်ယောက်ဖြစ်ပါတယ်။



၃။ မေမြန်မာသစ် နဲ့ မေမြန်မာခေတ်

ခေတ်နဲ့ သစ်ကတော့ ပရိသတ်တွေတိုင်းရဲ့ အချစ်ကို ဖမ်းစားထားတဲ့ ချစ်သုဝေနဲ့ လင်းလင်းတို့ရဲ့ အမြွှာသမီးလေးနှစ်ယောက်ဖြစ်ပါတယ်။ မွေးခါစ အရွယ်ကလည်းက ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတဲ့ သူလေးတွေဖြစ်ပါတယ်။ ခေတ်နဲ့ သစ်ကတော့ သူတို့ရဲ့ မေမေ ချစ်သုဝေနဲ့ အတူ ကြော်ငြာတွေလည်း ရိုက်ကူးလျက်ရှိပါတယ်။



၎။ ဝင်းခန့်မိုး

သူကတော့ နာမည်ကျော် အဆိုတော်၊ မင်းသမီးကြီးဖြစ်တဲ့ ချိုပြုံးရဲ့ မြေးဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အကယ်ဒမီပေးပွဲမှာလည်း ဗန်းကိုင် အဖြစ်ပါဝင်ဆောင်ရွက်ခဲ့ပြီး ကြော်ငြာတွေလည်း ရိုက်ကူးထားပါတယ်။


၅။ စံထိပ်ထား

သူမကတော့ သူမရဲ့ မေမေ ခိုင်သင်းကြည်လိုပဲ ချစ်စရာကောင်းလွန်းတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ အနုပညာအလုပ်ကို ဝါသနာပါသူတစ်ယောက်လည်း ဖြစ်ပြီး ကြော်ငြာတွေလည်း ရိုက်ကူးထားပါသေးတယ်။ သူမကလည်း အကယ်ဒမီ ဗန်းကိုင်အဖြစ် ၂၀၁၈ အကယ်ဒမီဆုပေးပွဲမှာ ပါဝင်ခဲ့ပါတယ်။



၆။ ဘုန်းမင်းနေလ

နာမည်ကျော် ဝါရင့် သရုပ်ဆောင်မင်းသမီးကြီး ခင်ဇာခြည်ကျော်ရဲ့ သားလေး ဘုန်းမင်းနေလကတော့ မိန်းကလေးပရိသတ်တော်တော်များများရဲ့ အားပေးမှုကို ရရှိထားတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူကတော့ ဖက်ရှင်မဂ္ဂဇင်းအတွက်လည်း ဓါတ်ပုံတွေ ရိုက်ကူးပေးခဲ့ပါသေးတယ်။

Source: Facebook
Credit : swelsonenews

Loading...

Facebook Comments