“ချစ်သူသက်တမ်းနှစ်ပတ်လည်နေ့လေးမှာ ရင်ခုန်ကြည်နူးဖွယ် အမှတ်တရလေးတွေကို ထုတ်ပြလိုက်တဲ့ သူရိယနဲ့ဆုအိမ့်စံတို့စုံတွဲ”

ပရိသတ်ကြီးရေ သူရိယနဲ့ ဆုအိမ့်စံတို့ချစ်သူနှစ်ဦးကတော့ အနုပညာလောကမှာ လူကြိုက်များအောင်မြင်နေတဲ့စုံတွဲလေးပဲ ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေအတူ ရိုက်ကူးရင်း ချစ်သူတွေဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ဦးဟာ ကြည်နူးစရာကောင်းပြီး အရမ်းလိုက်ဖက်လွန်းတာကြောင့် ပရိသတ်တွေရဲ့ ဝန်းရံအားပေးမှုကို ရရှိထားပါတယ်။ မသိသူမရှိလောက်အောင် ပရိသတ်တွေကြား ရေပန်းစားနေတဲ့သူတို့စုံတွဲလေးက ဒီနေ့မှာ မမေ့နိုင်စရာနေ့လေးကို ဖန်တီးခဲ့ပြန်ပါတယ်။

 

စက်တင်ဘာလ ၂၂ရက်နေ့လေးကတော့ သူတို့စုံတွဲလေးရဲ့ ချစ်သက်တမ်း ၁နှစ်နဲ့ ၈လပြည့်နေ့လေးပဲ ဖြစ်ပါတယ်။ ရှေ့သွားနောက်လိုက်ညီစွာ လက်တွဲမဖြုတ်ဘဲ အချစ်တွေခိုင်မြဲနေကြတဲ့ သူတို့နှစ်ဦးက ဒီနေ့မှာတော့ အရင်ကအမှတ်တရလေးတွေနဲ့ အချစ်စကားလေးတွေကို ရင်ခုန်ချင်စရာကောင်းလောက်အောင် ပရိသတ်တွေကို ဝေမျှပေးထားပါတယ်။ကိုယ်စီအပြန်အလှန် ချစ်သဝဏ်လွှာတွေ ပေးပို့ခဲ့ကြသလို မြင်သူတိုင်းအားကျရမယ့် စုံတွဲပုံလေးတွေကိုလည်း တင်ပေးခဲ့ပါတယ်။

ဆုက ”ဒီနေ့လေးက သူရယ်ကိုယ်ရယ် ချစ်ခဲ့ကြတာ ၁နှစ်နဲ့၈လရှိပြီလေ ဆုဆုပြောချင်တာက အရာအားလုံးအတွက် ကိုကို့ ကို ကျေးဇူးတင်ပါတယ်… ကျေးဇူးတင်ပါတယ်ဆိုတဲ့ထဲမှာ အရမ်းချစ်ပေးတာတွေ အေးချမ်းမှုတွေ စိတ်ပူအောင်မလုပ်တာတွေ အမြဲအလိုလိုက်တာတွေ အားလုံး ပါပါတယ် ။တကယ်ကိုရင်ဘတ်ထဲကကျေးဇူးတင်တာပါ ။တနေ့တော့ ကိုယ့်ဘဝရဲ့ အချစ်ကြောင်းလေးကိုစာအရှည်ကြီးရေးမယ် Happy 1 Year and 8 Months Anniversary I love you so much CoCo ” ဆိုပြီး သူတို့စုံတွဲလေးရဲ့ အမှတ်တရပုံလေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း သူရိယနဲ့ဆုအိမ့်စံတို့စုံတွဲလေးအတွက် ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ကြနော်။

Source: Hsu Eaint San;
Credit : swelsonenews

Loading...

Facebook Comments