သမီးရဲ့ဗိုက်က ကားပြီးထွားလာလို့ ချော့မေးကြည့်တော့ အစ်မယောက်ျားရဲ့ လက်ချက်ဖြစ်နေသတဲ့

ဗိုက်ကားပြီး ထွားလာ၍ မသင်္ကာသဖြင့် အမေ့ဖြစ်သူ ချော့မော့ မေးမြန်းရာမှ အမဖြစ်သူရဲ့ ယောက်ျား ရဲ့အလိုမတူ မုဒိမ်း ပြုကျင့်မှု ပေါ်ပေါက်

မုနိမြီ ၊ စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးကျိုက်မြို့နယ်၌ အလိုမတူ မုဒိမ်းပြုကျင်ခံရခြင်း ပေါ်ပေါက်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

“လွန်ခဲ့သော (၆)လခန့်၊ ထီးကျိုက်မြို့နယ် မောင်းကုန်းကျေးရွာနေထိုင်သူ မ••••• အသက် (၁၇)နှစ်တွင် ကြံအငှားခုတ်ချိန်အတွင်း အလိုမတူ သားမယားပြုကျင့်ခံရပြီး၊ ထပ်မံ၏ နှစ်လအကွာ တစ်ကြိမ်၊ နေအိမ်အတွင်းတစ်ကြိမ်၊ (၃)ကြိမ် ပြုကျင့်ခြင်းဖြင့် ဗိုက်ကားပြီး ထွားလာသည်အား အမေဖြစ်သူ ချောမော မေးမြန်းရာမှ

တစ်အိမ်တည်းနေ အစ်မဖြစ်သူ မမိုးမိုး၏ ယောက်ျား မောင်မျိုး(ခ) ငမျိုး အသက် (၄၀)နှစ်မှ အလိုမတူ မုဒိမ်းပြုကျင့်ခြင်း ပေါ်ပေါက်၍ ထီးကျိုက်ရဲစခန်းသို့ လာရောက်တိုင်းသဖြင့်
ထီးကျိုက်ရဲစခန်းမှ အချိန်မှီ တရားခံအား ဖမ်းဆီးဆောင်ရွက်ခဲ့သည်ဟု” မုနိမြီမှ စုံစမ်းသိရှိရပါသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်၍ ထီးကျိုက်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ၂၀၁၈ စက်တင်ဘာ ၂၂ရက်နေ့ ညနေ့ (၇)နာရီ (၄၀)မိနစ်ခန့်တွင် (ပ)၂၀၁/၂၀၁၈၊ ရာသဇာတ်ကြီးပုဒ်မ ၃၇၆ဖြင့် ထီးကျိုက်မြို့မရဲစခန်းမှူး ဒုရဲမှူးဘချစ်မှ တရားခံ မောင်မျိုး(ခ) ငမျိုး အသက် (၄၀)နှစ်၊မောင်းကုန်းကျေးရွာနေထိုင်သူအား ဖမ်းဆီး၍ အမှုမှန် ပေါ်ပေါက်ရန် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း ဖြေကြားသည်။

မြင့်ဆွေ(ကသာ)/သာခိုင်(မုနိမြီ)

Loading...

Facebook Comments