အသက် ၃၉ နှစ်ပြည့် မွေးနေ့လေးမှာ ဘုရားသွားကုသိုလ်ယူခဲ့တဲ့ ပရိတ်သတ်တွေနဲ့ ဝေးကွာနေတဲ့ ရဝေအောင်

သရုပ်ဆောင် ရဝေအောင်ကတော့ ယခုဆိုရင် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်မှု မရှိတော့တာကြောင့် ပရိသတ်တွေနဲ့ ကင်းကွာဝေးနေခဲ့ရတာပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်မှု မရှိတော့ပေမယ့်လည်း ပရိသတ်တွေရဲ့ အချစ်ကိုတော့ ယနေ့အချစ်အထိ လက်ခံရရှိထားဆဲပါပဲနော်။ ပရိသတ်တွေရဲ့ အချစ်တော် ရဝေအောင်ကတော့ ယနေ့ စက်တင်ဘာ ၂၂ ရက်နေ့မှာ သူ့ရဲ့ အသက် ၃၉နှစ် ပြည့် မွေးနေ့ဖြစ်တယ်လို့ သိရှိရတာပဲဖြစ်ပါတယ်။

 

အသက် ၃၉ နှစ်ပြည့်လာပြီဖြစ်တဲ့ ရီဝေအောင်ကတော့ ” Happy Birthday to me .. ယနေ့ မွေးနေ့မှာ ဆုတောင်းမေတ္တာပေးပို့သော ကျေးဇူးရှင်မွေးဖခင်နှင့်တကွ ကျေးဇူးရှင်များအားလုံး မောင်နှမများအားလုံး ဆွေမျိုးများနှင့် Fb မှသူငယ်ချင်းများအားလုံး ယခုတိုင် အားပေးနေသော ချစ်သော ပရိသတ်များအားလုံး နှင့် ၇ရက်သားသမီးများအားလုံး တို့ အားလုံး စိတ်၏အေးချမ်းခြင်း ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် မိမိလိုရာပန်းတိုင်ကို လျှင်မြန်စောစွာ လျှောက်လှမ်းနိင်ကြပါစေ… [🙏][🙏][🙏]” ဆိုတဲ့ စာသားလေးနဲ့ သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ဆုတောင်းမေတ္တာ ပို့သပေးထားခဲ့တာပဲဖြစ်ပါတယ်။

မွေးနေ့မှာ ဘုရားတက် ကုသိုလ်ယူခဲ့တဲ့ ရဝေအောင်ရဲ့ ခန့်ခန့်ညားညားနဲ့ ချောမောလှပနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေဖော်ပြပေးလိုက်ပါတယ်၊ ကြည့်ရှုအားပေးကြပါဦး ပရိသတ်ကြီးရေ။

အသက် ၃၉ နှစ်ပြည့်လာပြီဖြစ်တဲ့ ရဝေအောင်အတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောပေးသွားကြဦးနော် ပရိသတ်ကြီးရေ။ မွေးနေ့မှာ ဘုရားတက် ကုသိုလ်ယူခဲ့တဲ့ ရဝေအောင်ရဲ့ပုံရိပ်လေးတွေကို သဘောကျနှစ်သက်တယ်ဆိုရင် မျှဝေပြီး အားပေးလိုက်ကြပါဦး ပရိသတ်ကြီးရေ။ ဖတ်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source : momolay
Credit :www.momolay.com

Loading...

Facebook Comments