ဦးလေးစိုင်းစိုင်းခမ်းလှိုင်နဲ့ ကြော်ငြာအတူတူ ရိုက်ကူးခဲ့ကြတဲ့ အေးသောင်း

သရုပ်ဆောင် မင်းသမီးချောလေး အေးဝတ်ရည်သောင်းဟာဆိုရင် အနုပညာအလုပ်ကိုဆက်လက် လုပ်ကိုင်ပေးနေတဲ့ သူလေးတစ်ယောက်ဖြစ်ပြီး မြန်မာဆန်တဲ့ ဝတ်စုံလေးတွေနဲ့ ပရိသတ်တွေကြားချပြပေးနေခဲ့တဲ့ သူလေးတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို လက်ခံရရှိထားခဲ့တာပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို လုပ်ကိုင်ပေးနေတဲ့ အေးသောင်းကတော့ စိုင်းစိုင်းနဲ့အတူ စက်တင်ဘာ ၂၀ရက်နေ့က ကြော်ငြာရိုက်ကူးနေကြောင်းကို ” ၁၉၉၇ ကတည်းက ပေါင်းလာတဲ့ သူငယ်ချင်းနဲ့ ဒီနေ့ ကြော်ငြာရိုက် ‘ဂေါ်တာပေါ့ ‘ ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲဖြစ်ပါတယ်။

 

ကွီးစိုင်းနဲ့အတူ ကြော်ငြာတစ်ခုကို တွဲရိုက်ခဲ့တဲ့ အေးသောင်းကတော့ ” ပြီးခဲ့သော ဇာတ်လမ်း အကျဉ်းပေါင်းများစွာ ပြောကြလေသတည်း… ” ဆိုတဲ့ စာသားလေးနဲ့ အရင်က အဖြစ်အပျက်လေးတွေ ပြောဖြစ်ခဲ့ကြောင်းကိုလည်း သူမကပြောပြထားခဲ့တာပဲဖြစ်ပါတယ်။ ကြော်ငြာအတူတွဲရိုက်ရင်း ရှေးဟောင်းနောင်းဖြစ်ကလေးတွေ ပြောဖြစ်ခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ရိုက်ကွင်းပေါ်မှ ပုံရိပ်လေးကို ပရိသတ်ကြီးလည်း သဘောကျ နှစ်သက်မယ်လို့ထင်ပါတယ်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Kay Kay
Ref : AyeThaung’s fb
Credit :www.momolay.com

Loading...

Facebook Comments