ရွိုင်ရယ်တည်းခိုခန်းမှာ အမျိုးသားတစ်ဦးထိုးသွင်းဒဏ်ရာနဲ့သေဆုံးသွားတဲ့အမှုမှ ပြစ်မှုကျူးလွန်သူ အမျိုးသမီးဘက်ကနေ ရှေ့နေတစ်ဦးက ပရဟိတစိတ်နဲ့ အခမဲ့ဆောင်ရွက်ပေးမယ်

ရွိုင်ရယ်တည်းခိုခန်းမှာ အမျိုးသားတစ်ဦးထိုးသွင်းဒဏ်ရာနဲ့သေဆုံးသွားတဲ့အမှုမှ ပြစ်မှုကျူးလွန်သူ အမျိုးသမီးဘက်ကနေ ရှေ့နေတစ်ဦးက ပရဟိတစိတ်နဲ့ အခမဲ့ဆောင်ရွက်ပေးမယ်ရန်ကုန်၊ စက်တင်ဘာ ၂၂။ ။မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရွိုင်ရယ်တည်ခိုးခန်းမှာ အမျိုးသားတစ်ဦး ထိုးသွင်းဒဏ်ရာများနဲ့ သေဆုံးနေတာနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ မလင်းလင်းခိုင်ကို မလင်းလင်းခိုင်ဟာ သေဆုံးသူအမျိုးသားနဲ့ပတ်သက်ခဲ့တာ၊ဖြစ်ပျက်ခဲ့တာများကို ပြောပြခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက် ဖေ့စ်ဘုတ်ခ်စာမျက်နှာပေါ်မှာ လူအများစိတ်ဝင်စားခဲ့ပါတယ်။“အဓိကတော့ ပရဟိတစိတ်ပါပဲ။ကိုယ်ကလည်း ရှေ့နေရှေ့ရပ်တစ်ယောက်ဖြစ်တော့သူ့အနေနဲ့ ဥပဒေနဲ့ပတ်သက်ပြီးအခက်အခဲလေးတွေကြုံတွေ့နေရတယ်။ဆင်းရဲနွမ်းပါးတယ်ဆိုတဲ့အကြောင်းအရာလေးတွေ သူကိုယ်တိုင် အွန်လိုင်းမှာပြောတယ်။ကျွန်တော်တို့လည်း ကြည့်ဖြစ်တာပေါ့။ကြည့်ဖြစ်တဲ့အချိန်မှာ ကိုယ့်စိတ်ထဲမှာလည်း ပရဟိတစိတ်တွေဖြစ်တယ်။ကိုယ်တွေလည်း

အခက်အခဲကြုံတွေ့ရတဲ့အခါမှာ ဘယ်လိုမျိုးဖြတ်သန်းခဲ့ရတယ်ဆိုတဲ့ ကိုယ်ချင်းစာတရားတွေလည်းရှိတယ်။အဲ့ဒီစိတ်နဲ့ကူညီဖြစ်တာပါ။ ဒီအမျိုးသမီးရဲ့ မိသားစုဝင်တွေက ကျွန်တော်ကို လာပြီးတော့ဆက်သွယ်တယ်။မိဘတွေကလည်း ဆရာကူညီပေးပါ။သူတို့အပ်ပါတယ်ပေါ့။ကျွန်တော်ကတော့ ဥပဒေဘောင်အတွင်းကကူပေးမယ်ဆိုတဲ့အကြောင်းရယ်။ဒါနဲ့ပတ်သက်ပြီးတော့ အခမဲ့လိုက်ပါဆောင်ရွက်ပေးမယ်ဆိုတဲ့အကြောင်းပေါ့။အမှုပြီးဆုံးတဲ့အထိ ကျွန်တော်ကို ဘာဖိုးမှပေးစရာမလိုဘူးဆိုတဲ့အကြောင်းပေါ့။”လို့တရားလွှတ်တော်ရှေ့နေဦးမိုးဟိန်းကပြောပါတယ်။

ဖြစ်စဉ်မှာ မင်္ဂလာတောင်ညွန့် မြို့နယ်၊ တောင်လုံးပြန်ရပ်ကွက်၊ အထက်ပုဇွန်တောင် လမ်း၊ ရေကျော်မီးပွိုင့်အနီးရှိ ရွိုင်ရယ် တည်းခိုခန်းမှာ စက်တင်ဘာလ၁၆ရက်၊ ၁ဝနာရီ ၄၅အချိန်ခန့်က အမျိုးသားတစ်ဦး ထိုးသွင်းဒဏ်ရာများနဲ့ သေဆုံးနေတာကိုတွေ့ရပါတယ်။ မင်္ဂလာတောင် ညွန့်မြို့မရဲစခန်းမှတာဝန်ရှိရဲတပ်ဖွဲ့ဝင်များနဲ့ သက်သေများသွားရောက်စစ်ဆေးခဲ့ရာ အမည်မသိအမျိုးသားမှာ ဝမ်းဗိုက်အထက်ပိုင်း ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ကျောပြင်ယာဘက် ထိုးသွင်း ဒဏ်ရာ(၁)ချက်နဲ့ အခန်းအမှတ်(၁၀)ရှိ အိပ်ရာခုတင်ပေါ်မှာ သေဆုံးနေတာကိုတွေ့ရှိခဲ့တယ်လို့ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ အခင်းဖြစ်နေ့က သေဆုံးသူ အမျိုးသားဟာ အမည်မသိ အမျိုးသမီးတစ်ဦးနဲ့အတူ လာရောက် တည်းခိုခဲ့ကြောင်း သိရှိရပြီး မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း မှာ (ပ)၄၉၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ဆောင်ရွက်ခဲ့ပါတယ်။ တာဝန်ရှိရဲတပ်ဖွဲ့ဝင်များဟာ သေဆုံးသူနဲ့အတူ လာရောက်တည်းခိုသူအား လိုက်လံစုံစမ်းခဲ့ရာ ဒေါပုံမြို့ နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊မေတ္တာလမ်းနေ လင်းလင်းခိုင်(၃၉)နှစ် ဖြစ်ကြောင်းသိရပြီး မလင်းလင်းခိုင်အား စက်တင်ဘာလ ၂၁နံနက် ၃နာရီ ၁၅ အချိန်ခန့်မှာ ဒေါပုံမြို့ နယ်၊ ယမုံနာ(၂)ရပ်ကွက်၊အောင်မေတ္တာလမ်းရှိ လက်ဖက်ရည်ဆိုင်မှာဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လင်းလင်းခိုင်အား စစ်ဆေးခဲ့ရာ ၄င်းဟာ ၂၀၁၇ ခုနှစ်၊ (၉)လပိုင်းခန့်မှာ လူမှုကွန်ယက် Facebook အသုံးပြုရာမှ သေဆုံးသူ ထွန်းလင်းအောင်(ခ)ဖိုးထောင်နဲ့ တွေ့ဆုံပြီးMessenger မှတဆင့် စကားပြောဆိုရာ သမီးရည်းစားဖြစ်ခဲ့ကြောင်း၊သေဆုံးသူမှာ အစ်မဖြစ်သူရဲ့သား(၃)ယောက်အား ကြည့်ရှု စောင့်ရှောက်နေရသူဖြစ်ပြီး လူပျိုလူလွတ်ဖြစ်ကြောင်းလိမ်လည်ပြောဆိုတာကိုယုံကြည်ကာအပြင်မှာ တွေ့ဆုံအတူနေထိုင်ခဲ့တယ်လို့သိရပါတယ်။ ဇူလိုင်လ ၁၇ ရက်နေ့မှာ သေဆုံးသူ မှ မြဝတီမြို့မှာ အလုပ်လုပ်ရန် ခေါ်ဆောင်တဲ့အတွက် လိုက်သွားခဲ့ပြီး သေဆုံးသူမှ မြဝတီမြို့ရှိ နေအိမ်တစ်လုံးမှ အမည်မသိအမျိုးသမီးတစ်ဦး နဲ့စကားပြောပြီးနောက်ကွမ်းဝယ်ရန် ထွက်သွားခဲ့ရာ မှပြန်လည်ရောက်ရှိလာခြင်းမရှိဘဲကျန်နေခဲ့စဉ် အမည်မသိ အမျိုးသမီးမှ ထိုင်းနိုင်ငံ ပို့မယ်လို့ပြောဆိုခဲ့တာကြောင့် ကြောက်လန့်ပြီး ထွက်ပြေးလာခဲ့တယ်လို့လည်းသိရပါတယ်။ရန်ကုန်ကိုပြန်ရောက်လာခဲ့ပြီး သေဆုံးသူအား နာကျည်းစိတ်နဲ့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ ထီပေါက်တယ်လို့ ဖုန်းနဲ့ဆက်သွယ်ချိန်းဆိုကာပုဇွန်တောင်ဈေးရှေ့ရှိ စားသောက်ဆိုင်မှာ တွေ့ဆုံခဲ့ ကြောင်း၊ထို့နောက် မင်္ဂလာတောင်ညွန့် မြို့နယ်၊

တောင်လုံး ပြန်ရပ်ကွက်၊အထက်ပုဇွန်တောင်လမ်း၊ ရေကျော် မီးပွိုင့်အနီးရှိ ရွိုင်ရယ်တည်းခိုခန်းမှာအတူနေထိုင်ခဲ့ပြီး သေဆုံးသူအတွက် ရွှေဆွဲကြိုးအတုအားဆွဲပေးခဲ့ကြောင်း၊ သေဆုံးသူ လှဲအိပ်နေချိန် ၎င်းမှ အသင့်ယူဆောင်လာတဲ့ ဓားဖြင့်(၂)ချက်ထိုးပြီးတည်းခိုခန်းမှ ထွက် ပြေးခဲ့တာဖြစ်တယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

နှင်းနှင်း
Credit :Kumudra

Loading...

Facebook Comments