ဆူဖန်ဘူရီ ပြည်နယ် နံမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တဦး အသတ်ခံရမှု မြန်မာအလုပ်သမားတဦးအား ထိုင်းရဲတပ်ဖွဲ့ က အပူတပြင်းရှာဖွေနေ

အသတ်ခံရသူ နိုင် နတဖွန်း အသက် (၄၉ )နှစ်ဟာ ဆူဖန်ဘူရီပြည်နယ်က ဆောက်လုပ်ရေး ကုမ္မဏီ 9999 Co., Ltd ပိုင်ရှင်နဲ့ သရက်ခြံလုပ်ငန်းတွေ စားသောက်ဆိုင်တွေ လုပ်ကိုင်နေသူ လူသိများတဲ့ သူဌေးတဦးဖြစ်ပါတယ်။

သေဆုံးသူဟာ နေထိုင်ထိုင်နေတဲ့ နေအိမ်ခန်း ကအိပ်ယာ ပေါ်မှာ မှောက်ရက်သေဆုံးနေတာပါ။ ဓါးနဲ့ မသေမချင်း ထိုးသတ်သွားခဲ့တာပါ။

သေဆုံးသူ ပိုင်ဆိုင်တဲ့ ရွှေဆွဲကြိုး (၅ ကျပ်သားနဲ့ ၂ကျပ်သားရှိ )နှစ်ကုံး၊ စိန်လက်စွပ်နှစ်ကွင်းနဲ့  သေနတ်တလက်၊ ဘတ်ငွေသောင်း ကျော် ပါ ပျောက်ဆုံးခဲ့ကြောင်း ဆူဖန်ဘူရီရဲတပ်ဖွဲ့ ကထုတ်ပြန်ခဲ့ပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့ ညက သေဆုံးသူဟာ သူ့ ပိုင်ဆောက်လုပ်ရေး အလုပ်ဆိုက်က မြန်မာအလုပ်သမား အမျိုးသားသုံးဦးကို စားသောက်ဆိုင်လိုက်ပို့ခဲ့ပြီး အတူညစာစားခဲ့ပြီး

အဆိုပါအလုပ်သမားသုံးဦးထဲက အလုပ်စ၀င်တာ(၁)ရက်သာရှိသေးတဲ့ အသက် ၂၂ နှစ်အရွယ် ကိုစိုး ဆိုသူကို သူ့ နေအိမ်မှာ လိုက်အိပ်ဖို့ ခေါ်ခဲ့တယ်၊ကျန်အလုပ်သမားနှစ်ဦးကတော့ သူတို့နေထိုင်တဲ့အဆောင်ကို ပြန်သွားခဲ့ကြပါတယ်။

စက်တင်ဘာလ ၂၀ရက်နေ့ နံနက်မှာ အစားအသောက်လာပို့တဲ့အခါ အခန်းတခါးဖွင့်ကြည့်မှ သူဌေးဖြစ်သူ သေဆုံးနေတာသိခဲ့ရတာပါ။

သူနေအိမ်မှာခေါ်အိမ်တဲ့ နိုင်စိုး ကတော့ ထွက်ပြေးသွားခဲ့ပါပြီ၊ တရားခံလို့ ယူဆရတဲ့ နိုင်စိုးဟာ ညပိုင်းမှာ နေအိမ်တွင်းမှာရှိနေတာကို နေအိမ်က CCTVမှတ်တမ်း တွေ စစ်ဆေးချက်အရ တွေ့ ရပါတယ်။

နိုင်စိုး ဟာ ကန်ချနပူရီနယ်စပ်ကနေ ၀င်ရောက်လာခဲ့တာဖြစ်ပြီး အလုပ်သမားကဒ် သက်သေခံအထောက်အထားကိုင်ဆောင်ထားတာမရှိကြောင်း၊ ယခုလူသတ်မှုနဲ့ ပါတ်သက်ပြီး သက်ဆိုင်ရာက ဆောက်လုပ်ရေးအလုပ်က မြန်မာနိုင်ငံသားအလုပ်သမားတွေကို စစ်ဆေးမှုတွေပြုလုပ်နေပြီး တရားခံအမြန်ဆုံးဖမ်းမိနိုင်ဖို့ ဆူဖန်ဘူရီနဲ့  ကမ်ချနဘူရီပြည်နယ်တွေမှာ ပိတ်ဆို့ ရှာဖွေနေ ကြောင်း သိရပါတယ်။

Loading...

Facebook Comments