သြစတြေးလျကနေ မြန်မာနိုင်ငံကို ပြန်ရောက်နေပြီဖြစ်တဲ့ ယွန်းဝတီလွင်မိုးနဲ့သားလေး Liam

နိုင်ငံကျော်မင်းသားကြီး လွင်မိုးရဲ့သမီးကြီးဖြစ်သူ ယွန်းဝတီလွင်မိုးဟာ ချစ်စရာမျက်နှာလေးနဲ့ ဘိုဆန်ဆန်လှသူလေးတစ်ယောက်ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးက ငယ်စဉ်ကတည်းက ကြော်ငြာအမြောက်အများနဲ့ သီချင်းMTV တော်တော်များများ သရုပ်ဆောင်ခဲ့ရင်း ပရိသတ်တွေက သတိထားမိလာသူပါ။ သူမဟာ အခုဆိုရင် နိုင်ငံခြားမှာ ပညာသင်ကြားနေရတာမို့ အနုပညာအလုပ်တွေနဲ့ အနည်းငယ်အလှမ်းဝေးသွားခဲ့ရတာဖြစ်ပါတယ်။

 

ယွန်းဝတီလွင်မိုးက သြစတေးလျမှာ ကောလိပ်တက်နေတာ နှစ်အနည်းငယ်ကြာနေပြီ ဖြစ်ပါတယ်။ သူမက ဇန်နဝါရီလမှာ မြန်မာပြည်ကိုပြည်လည်ရောက်ရှိလာပြီး လက်ထပ်ခဲ့တာဖြစ်ပါတယ်။ သူမဟာ လက်ထပ်ပြီး သြစတေးလျကိုပြန်သွားခဲ့ပြီး သားလေး Liam ကိုမွေးဖွားခဲ့တာဖြစ်ပါတယ်။ သားလေး Liam လေးက အခုဆိုရင် နှစ်လပြည့်တော့မှာပဲဖြစ်ပါတယ်။Liam လေးက လွင်မိုးနဲ့မေသူတို့ရဲ့ ပထမဦးဆုံး မြေးဦးလေးလဲဖြစ် သားယောက်ျားလေးလဲဖြစ်တော့ အရမ်းအချစ်ခံရပါတယ်။ ဖိုးဖိုးဖွားဖွားတွေရဲ့ အသည်းစွဲလေးဖြစ်နေရတာပေါ့။

ပရိသတ်တွေကလဲ အရမ်းချစ်ကြတဲ့ Liam လေးဟာအခုဆိုရင် မြန်မာပြည်ကို မေမေယွန်းဝတီလွင်မိုးနဲ့အတူ ရောက်ရှိနေပြီဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးက သြစတေးလျကနေ မြန်မာပြည်ကို ၁၀ နာရီကျော်ကြာ လေယာဉ်စီးပြီးရောက်ရှိလာခဲ့ပြီး သားလေး Liam အတွက် စိတ်ပူပြီး စိတ်လှုပ်ရှားခဲ့ရပါသေးတယ်လို့လဲ ဆိုထားပါသေးတယ်။ပရိသတ်ကြီးချစ်ကြတဲ့ ယွန်းဝတီလွင်မိုးနဲ့ Liam လေးကတော့ မြန်မာပြည်ကိုရောက်နေပြီဆိုတော့ တွေ့ချင်နေလောက်ပြီပေါ့နော်။ သားလေး Liam လဲ နှစ်ဖက်ဖိုးဖိုးဖွားဖွားတွေနဲ့ ပျော်နေမယ်လို့ မျှော်လင့်ပါတယ်။ ယွန်းဝတီလွင်မိုးနဲ့ သားလေးကိုလဲ အခုထက်ပိုပြီးချစ်ပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့အတွက် ပရိသတ်ကြီးကှို ကျေးဇူးအထူးတင်ရှိပါတယ်။ ဒီပို့စ်လေးကို သဘောကျရင် Like & Share လုပ်ဖို့မမေ့ပါနဲ့နော်။

မှတ်ချက်-မိုမိုလေးစာမျက်နှာမှတဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။
Credit :www.momolay.com

Loading...

Facebook Comments