မင်္ဂလာတောင်ညွန့်မြို့နယ်မှာ လူသတ်မှုကျူးလွန်သူ အမျိုးသမီး ထွက်ဆိုချက်များ

၁၆.၉.၂၀၁၈ ရက်နေ့ ၁၀၄၅ အချိန် မင်္ဂလာတောင်ညွန့်မြို့နယ်၊တောင်လုံးပြန်ရပ်ကွက်၊ အထက်ပုဇွန်တောင် လမ်း၊ ရေကျော်မီးပွိုင့်အနီးရှိ ရွိုင်ရယ် တည်းခိုခန်းတွင် အမျိုးသားတစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့်သေဆုံးနေ ကြောင်းသတင်းအရ

မင်္ဂလာတောင် ညွန့်မြို့မရဲစခန်းမှူး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များနှင့် မှုခင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အမည်မသိအမျိုးသားမှာ ဝမ်းဗိုက်အထက်ပိုင်း ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ကျောပြင်ယာဘက်ထိုးသွင် ဒဏ်ရာ(၁)ချက်ဖြင့် အခန်းအမှတ်(၁၀)ရှိ အိပ်ရာခုတင်ပေါ်တွင်သေဆုံးလျက်တွေ့ရှိရကြောင်းရပြီး ၎င်းအမျိုးသားသည် ယင်းနေ့ အမည်မသိ အမျိုးသမီးတစ်ဦးနှင့်အတူ လာရောက် တည်းခိုခဲ့ကြောင်း သိရှိရကာ သေဆုံးသူနှင့်ပတ်သက်၍ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၄၉၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

ယင်းသို့ ပြစ်မှုကျူးလွန်သူ ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်နှင့် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် သေဆုံးသူနှင့်အတူ လာရောက်တည်းခိုသူအား လိုက်လံစုံစမ်းခဲ့ရာ ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ မေတ္တာလမ်းနေ လင်းလင်းခိုင်(၃၉)နှစ် ဖြစ်ကြောင်း သိရှိရ၍ ၎င်းအား ၂၁.၉.၂၀၁၈ ရက်နေ့ နံနက် ၀၃၁၅ အချိန်တွင် ဒေါပုံမြို့နယ်၊ ယမုံနာ(၂)ရပ်ကွက်၊အောင်မေတ္တာလမ်းရှိ လက်ဖက်ရည်ဆိုင်တွင် ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ လင်းလင်းခိုင်အား စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၁၇ ခုနှစ်၊ (၉)လပိုင်းခန့်တွင် လူမှုကွန်ယက် Facebook အသုံးပြုရာမှ သေဆုံးသူ ထွန်းလင်းအောင်(ခ)ဖိုးထောင်နှင့် တွေ့ဆုံ၍ Messenger မှ တဆင့် စကားပြောဆိုရာတွင် သမီးရည်းစားဖြစ်ခဲ့ကြောင်း၊ သေဆုံးသူမှာ အစ်မဖြစ်သူ၏သား(၃)ယောက်အား ကြည့်ရှု စောင့်ရှောက်နေရသူဖြစ်ပြီး လူပျိုလူလွတ်ဖြစ်ကြောင်းလိမ်လည်ပြောဆိုသည်ကိုယုံကြည်သဖြင့် အပြင်တွင် တွေ့ဆုံကာ အတူနေထိုင်ခဲ့ကြောင်း၊ ၁၇.၇.၂၀၁၈ရက်နေ့တွင် သေဆုံးသူ မှ မြဝတီမြို့သို့အလုပ်လုပ်ရန် ခေါ် ဆောင်သဖြင့်

လိုက်ပါသွားခဲ့ကြောင်း၊ သေဆုံးသူမှာ၎င်းမြို့ရှိ နေအိမ်တစ်လုံးမှ အမည်မသိ အမျိုးသမီးတစ်ဦး နှင့်စကားပြောပြီးနောက်ကွမ်းဝယ်ရန်ထွက်သွားခဲ့ရာ မှပြန်လည်ရောက်ရှိလာခြင်းမရှိဘဲကျန်နေခဲ့စဉ် အမည်မသိ အမျိုးသမီးမှ ထိုင်းနိုင်ငံပို့မည်ပြော သဖြင့် ကြောက်လန့်ပြီး ထွက်ပြေးလာခဲ့ကြောင်း၊ ရန်ကုန်သို့ပြန်လည်ရောက်ရှိ လာခဲ့ပြီး

သေဆုံးသူအား နာကျည်းစိတ် ကြောင့် ၁၆.၉.၂၀၁၈ ရက်နေ့တွင် ထီပေါက်သည်ဟု ပြောဆိုပြီးဖုန်းဖြင့် ဆက်သွယ်ချိန်းဆိုကာပုဇွန်တောင်ဈေးရှေ့ရှိစားသောက်ဆိုင်တွင် တွေ့ဆုံခဲ့ကြောင်း၊ထို့နောက် မင်္ဂလာတောင်ညွန့် မြို့နယ်၊ တောင်လုံး ပြန်ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ ရေကျော်မီးပွိုင့်အနီးရှိ

ရွိုင်ရယ် တည်းခိုခန်းတွင် အတူနေထိုင်ခဲ့ပြီး သေဆုံးသူအတွက် ရွှေဆွဲကြိုးအတုအားဆွဲပေးခဲ့ကြောင်း၊ သေဆုံးသူ လှဲအိပ်နေစဉ် ၎င်းမှ အသင့်ယူဆောင်လာသော ဓားဖြင့်(၂)ချက်ထိုးပြီး တည်းခိုခန်းမှ ထွက်ပြေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။စစ်ဆေးပေါ်ပေါက်အရ ပြစ်မှုကျူးလွန်သူ လင်းလင်းခိုင် အား ဥပဒေအရ အဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Credit: Yangon Police

Loading...

Facebook Comments