သက်မွန်မြင့်တို့ မိသားစုနေအိမ်လေးဆီ အလည်သွားခဲ့ကြတဲ့ ငွေဇင်လှိုင်းနဲ့ ပိုးမီ

နိုင်ငံကျော် ထပ်ဆင့်အကယ်ဒမီ မင်းသမီးချောလေး သက်မွန်မြင့်နဲ့ ငွေဇင်လှိုင်းတို့ဟာဆိုရင် ဟိုးအရင်ကတည်းက စခင်လာခဲ့ကြတာပဲဖြစ်ပါတယ်။ ညီအစ်မတွေလို အရမ်းခင်ခဲ့ကြတဲ့ သူတို့လေးတွေကတော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကူညီမှုတွေနဲ့ ခရီးဆက်ခဲ့ကြတာပဲဖြစ်ပါတယ်။ ယခုဆိုရင်လည်း သက်မွန်တို့နေအိမ်လေးကို အလည်သွားခဲ့တဲ့ ငွေဇင်လှိုင်းကတော့” အလွမ်းပြေသွားးဘီ အသဲတုန်းးလေးများနဲ့ Save the date !!!” ဆိုတဲ့ စာသားလေးနဲ့ သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားတာပဲဖြစ်ပါတယ်။

 

ငွေဇင်နဲ့အတူ သက်မွန်ရဲ့အိမ်ကို ပထမဆုံး အလည်လိုက်သွားခဲ့တဲ့ ပိုးမီဟာဆိုလည်း ” ချစ်မ သက်မွန်ရဲ့ အိမ်ကို ပထမဆုံး အလည်ရောက်ဖူးခြင်း အားချစ် နဲ့ လဝန်းလေး သိပ်ချစ်” ဆိုတဲ့ သက်မွန်ရဲ့ အိမ်လည်ကို သွားရောက်လည်ပတ်ခဲ့ကြောင်းကို သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြ ထားတာပဲဖြစ်ပါတယ်။ သက်မွန်ရဲ့ အိမ်မှာ ကလေးတွေနဲ့အတူ ပျော်ခဲ့ကြတဲ့ ငွေဇင်နဲ့ ပိုးမီတို့ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေဖော်ပြပေးလိုက်ပါတယ်။ ကြည့်ရှုအားပေးကြပါဦး ပရိသတ်ကြီးရေ။

မေမေမွန်တို့အိမ်ကို အလည်သွားရင်း အချစ်ကလေးတွေနဲ့ ပျော်နေကြတဲ့ ငွေဇင်လှိုင်းနဲ့ ပိုးမီတို့ရဲ့ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို သဘောကျနှစ်သက်တယ်ဆိုရင် မျှဝေပြီး အားပေးကြပါဦး ပရိသတ်ကြီးရေ။

Kay Kay
Ref : NgweZinHline & PoeMi’s Facebook
Credit :www.momolay.com

Loading...

Facebook Comments