PHOTO SHOOTING ပေါ်မှ ထိပ်ထားသခင်ရဲ့ ချစ်စရာအလှပုံရိပ်

ထိပ်ထားသခင် လေးဟာဆိုရင် Online ပေါ်ကနေ တီတီတာတာပြောဆိုရင်း ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် လူသိများပြားလာခဲ့ရပြီး ပရိသတ်တွေအခိုင်အမာ ရရှိလာခဲ့ရတာပဲဖြစ်ပါတယ်။ အရမ်းကို ချစ်စရာကောင်းတဲ့ မီးမီးလေးထိပ်ထားသခင်လေးကတော့ အသက် ၄နှစ် အရွယ်သာ ရှိသေးပေမယ့်လည်း အရမ်းကို မှတ်ဥာဏ်ကောင်းပြီး ထက်မြက်တဲ့ ကလေးငယ်လေးတစ်ယောက်ပဲဖြစ်ပါတယ်။ မျက်စိရှေ့မှာတင် တရိပ်ရိပ်နဲ့ ကြီးထွားလာခဲ့တဲ့ ထိပ်ထားလေးကတော့ အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင် သရုပ်ဆောင်ပေးနေတဲ့ ကလေးငယ်လေး တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရယူပိုင်ဆိုင်ရရှိခဲ့ရတာပဲဖြစ်ပါတယ်။

 

အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ပေးနေရတဲ့ ထိပ်ထားလေးကတော့ ယခုအချိန်မှာလည်း “မန္တလာဦးကောင်း” ပုဆိုး ကြော်ငြာအတွက် Photo အလှဓာတ်ပုံလေးရိုက်ပေးနေတာပဲဖြစ်ပါတယ်။ ကြော်ငြာတွေကို ဆက်လက်ရိုက်ကူးပေးနေတဲ့ ထိပ်ထားလေးကတော့ ရုပ်ရှင်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင် ရိုက်ကူးပေးတော့မှာပဲဖြစ်ပါတယ်။ သီချင်းဆိုနဲ့ သရုပ်ဆောင်ဆို သရုပ်ဆောင်ဘက်ကို အားသာတဲ့ ထိပ်ထားလေးကတော့ ယခုအချိန်မှာလည်း အနုပညာအလုပ်တွေကို ဆက်လက်သရုပ်ဆောင် ရိုက်ကူးပေးနေပြီ ဖြစ်တာကြောင့် ပရိသတ်ကြီးက ဆက်လက်ပြီး ချစ်ပေးအားပေးကြပါဦးနော်။

အရမ်းကို ချစ်စရာကောင်းတဲ့ ထိပ်ထားလေးကတော့ အနုပညာအလုပ်တွေရင်း ပျော်နေတဲ့ သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ချစ်စရာမျက်နှာလေးနဲ့ ပုံစံလေးတွေ အမျိုးမျိုးလုပ်ပြီး သရုပ်ဆောင်ပေးနေတဲ့ ထိပ်ထားလေးရဲ့ အလှပုံရိပ်လေးတွေကို သဘောကျနှစ်သက်တယ်ဆိုရင် မျှဝေပြီး အားပေးလိုက်ကြပါဦးနော် ပရိသတ်ကြီးရေ။

Kay Kay
Ref : HtakeHtarThaKhin’s Facebook
Credit :www.momolay.com

Loading...

Facebook Comments