လူကြီး မိဘများလုံးဝကျော်မသွားပါနဲ. ကလေးတွေရဲ့ အသက်နဲ့ ဆိုင်လို့ပါ

တစ်ရက်တည်းမှာ ဖြစ်ပျက်သွားတယ်။ မနက်ပိုင်း ကလေးဆေးခန်း “နင့်ကိုငါ သတ်မိတော့မယ်” ကလေးအဖေက သူ့မိန်မကို ကြိမ်းမောင်းနေတာ။

ကလေးနှာခေါင်းထဲ ပြောင်းဖူးစေ့ ဝင်သွားတာကို သူ့မိန်မ ကလေးကို ဂရုမစိုက် လို့ဖြစ်ရတာဆိုပြီး ဒေါသတွေထွက်နေလို့ တော်တော် ဖျောင်းဖျယူရတယ်။

ကျနော်ရှင်းပြတယ်။

(၁)နှာခေါင်းထဲက ပြောင်းဖူးစေ့ကို ဆေးခန်းမှာ ကြိုးစားထုတ်ကြည့်မယ်…မရရင်

(၂)ဆေးရုံမှာ အိပ်ဆေးပေးပြီး ထုတ်မယ်…မရရင်

(၃)နား၊နှာခေါင်း၊လည်ချောင်းအထူးကုဆရာဝန် ဒေါက်တာ မောင်မောင်သန်းရှိတဲ့ ကျိုင်းတုံ(မိုင်တစ်ရာခန့်ဝေး)သွားမှရမယ်လို့…

ဆေးခန်းမှာ ထုတ်ဖို့ကြိုးစားတယ်။ကံဆိုးတယ်။မရဘူး။ ဆေးရုံခေါ်သွားရတယ်။ ဆးရုံမှာ အိပ်ဆေးထိုးပြီးထုတ်တယ်။ကံကောင်းတယ်။ပြောင်းဖူးစေ့ ထွက်သွားတယ်။ “အခုမှ စိတ်အေးရတယ်ဗျာ…ကျိုင်းတုံသွားစရာ မလိုတော့ဘူးပေါ့နော် ဆရာ..”

“ဟုတ်တယ်..မသွားရတော့ဘူး…နောက်မဖြစ်အောင် ကလေးကို ဂရုစိုက်ပေါ့”

“ဟုတ်ကဲ့ ဆရာ..ကျေးဇူးအရမ်းတင်တယ်နော် ဆရာ”

“ဟုတ်ပါပြီဗျာ”

အဲဒီနေ့ ညနေပိုင်း ဆးရုံကနေဖုန်းဆက်လာတယ်။ “ဆရာရေ..ကလေးတစ်ယောက်ဆေးရုံလာတက်တယ်” ။ “ဘာကေ့စ်လဲ” “လေးဖျန်းနေတဲ့ သူ့အဖွား လိမ်းဖို့ဝယ်လာတဲ့တိုင်းရင်းဆေးရည်ကို မှားသောက်မိလို့” ဆေးရုံသွားကြည့်ရပြန်တယ်… သောက်မိတဲ့ဆေးကြည့်လိုက်တော့ အိမ်မှာဖော်စပ်ထားတဲ့ပုံစံ။တံဆိပ်မပါ။ဘယ်လိုဖော်စပ်ထားတာလဲ မသိရ။ပုလင်းကို နမ်းကြည့်တော့ အရက်နံ့ ရတယ်။

စိတ်ထဲမှာတော့ မှားသောက်မိတဲ့ ဆေးထဲ အရက်များများပါပါစေလို့ ကျိတ်ပြီးဆုတောင်းရတယ်။ဟုတ်တယ်လေ အရက်ချည်းပဲသောက်မိရင်တောင် အချိန်တန်ရင် ပြန်ကောင်းလာမှာ စောင့်ကြည့်ရုံပဲ။အခုတော့.. ဘာတွေပါမှန်းမသိတော့ အရိပ်တကြည့်ကြည့်စောင့်ကြည့် ပြီး ကုသမှုပေးရတာပ။

ကလေးကံကောင်းပါတယ်…ဆေးရုံမှာ သုံးရက်နေတော့ တော်တော်ကောင်းသွားလို့ ဆင့်ခွင့်ပေးလိုက်ပြီ။မိဘတွေကို မှာရပြန်တယ်.. “ကလေးကို နောက်ဒါမျိုးမဖြစ်အောင် သေချာဂရုစိုက်ကြပါဗျ”

အဲဒီနေ့ ညပိုင်း ပုဂ္ဂလိကဆေးရုံက ဖုန်းဝင်လာတယ်။ “ဆရာရေ…သုံးနှစ်သားကလေးတစ်ယောက် cefixime 200mg လေးလုံး(800mg)သာက်မိလို့”

အင်..လုပ်ပြန်ပြီ.. ဒီနေ့ ကံမကောင်းပါလား..။ cefixime က ပိုးသတ်ဆေး(antibiotic)…သူ့အရွယ်နဲ့ဆို သောက်သင့်တာထက်ခြောက်ဆလောက် ပိုပြီးသောက်မိတယ်။အန္တရာယ် အရမ်းများတယ်။

မိဘတွေက မှားသာက်ပြီး နာရီဝက်အတွင်း ချက်ချင်းဆေးရုံရောက်လာတော့ အစာအိမ်ထဲက ဆေးကိုရသမျှ ဆေးကြောထုတ်(gastric lavage) လုပ်၊အနီးကပ် စောင့်ကြည့်ကုသပြီး ကောင်းသွာတယ်။ သံချောင်းတို့ အဖေ ကံကောင်းလို့ မသေပေါ့ဗျာ… မိဘတွေကို မှာရပြန်တယ်။

“နောက်ထပ်ဒါမျိုးမဖြစ်အောင် ဆေးတွေကို ကလေးတွေလက်လှမ်းမမီတဲ့ နေရာမှာ သေချာထားရတယ်..နောက် သေချာဂရုစိုက်ဗျ”

မောတယ်ဗျာ မိဘတွေမှာရတာ.. နောက်ဒါမျိုးဖြစ်တာတွေ နည်းအောင်လို့ Facebook ကနေ သတိပေးလိုက်ပါရဲ့ဗျာ။

Credit: ဒေါက်တာကျော်စွာမြင့် (ကလေးအထူးကု)

Loading...

Facebook Comments