သက်တော် ၈၂နှစ်ရှိသည့်တောရဆောက်တည်နေသောဆရာတော်အား ထမင်းဝိုင်း၌ ၎င်း၏သားဖြစ်သူက ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား

၂၁.၉.၂၀၁၈

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ ဘုန်းကြီးကျောင်းတစ်ခုက သက်တော်၊ ၈၂ နှစ်ရှိသောဆရာတော်တစ်ပါးသည် သားဖြစ်သူနှင့်အတူထမင်းစားနေစဉ်၎င်း၏သားကဖခင်ဆရာတော်ပေးအပ်ထားသောဓားဖြင့် သတ်ဖြတ်သွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ ယနေ့(စက်တင်ဘာလ ၂၁ ရက်)နံနက် ၁၀ နာရီခန့်က မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ရှိ ဖိုဝင်ရွာနှင့် ၅ ဖာလုံခန့်ကွာဝေးသော ကျောက်ခမောက်ဘုရားပွဲပြုလုပ်သည့် ကွင်းပြင်၌ရှိသောဓမ္မာရုံအနီး တွင်ရှိဘုန်းကြီးကျောင်း၌တောရဆောက်တည်နေသည့်ဆရာတော် ဦးသောဘိတ သက်တော်(၈၂)နှစ်မှာ ဓားဒဏ်ရာများဖြင့်သတ်ဖြတ်ခံရသည့်အတွက် တာဝန်ရှိသူများက သွားရောက်စစ်ဆေးပြီး အလောင်းအား ဆေးရုံသို့တင်ပို့ပေးခဲ့ကြသည်။

စစ်ဆေးချက်အရ အခင်းမဖြစ်ခင်၌ သေဆုံးသူဆရာတော် ဦးသောဘိတ သက်တော်(၈၂)နှစ်သည်၎င်း၏ကျောင်းပေါ်၌ သားဖြစ်သူသန်းထွန်း ၊၄၅ နှစ်နှင့်အတူထမင်းလက်ဆုံစားနေစဉ် စကားများကြရာမှ သန်းထွန်း ၊၄၅ နှစ်က အနီးတွင်အသင့်ရှိသောဓားဖြင့် ဖခင်ဆရာတော်အား မသေမချင်းခုတ်သတ်သွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။

“သေဆုံးသူဆရာတော်နဲ့သားဖြစ်သူသန်းထွန်း(၄၅)ဟာ
အခင်းဖြစ်တဲ့အချိန်မှာထမင်းအတူစားကြရာကနေသားအဖချင်းစကားများကတောက်ကဆဖြစ်ပြီးသားဖြစ်သူကစိတ်မထိန်းနိုင်လို့ဓားနဲ့ခုတ်မိပါတယ်လို့ထွက်ချက်ပေးထားတယ်သူခုတ်လိုက်တဲ့အခင်းဖြစ်နေရာမှာကျန်နေခဲ့တဲ့ဓားကလည်းသေဆုံးသူဖခင်ဦးသောဘိတကိုယ်တိုင် ပေးထားတဲ့ဓားလို့သိရတယ်သားဖြစ်သူသန်းထွန်းဟာစိတ်ကျန်းမာရေးအနည်းငယ်မပြည့်စုံသူပါ”ဟုစေတုတ္တရာမြို့မဲဆန္ဒနယ်အမှတ်(၁)မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦးက စက်တင်ဘာလ ၂၁ ရက် ညနေ ၄ နာရီခွဲခန့်က အကုန်သိသတင်းဌာနသို့ ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍စေတုတ္တရာမြို့မရဲစခန်းကိုဆက်သွယ်မေးမြန်းခဲ့ရာ၌ ပြစ်မှုကျူးလွန်သည့် သန်းထွန်း၊ ၄၅နှစ်အား ညနေ ၄ နာရီခန့်တွင်ဖမ်းဆီးရမိခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ-၃၀၂(လူသတ်မှု)ဖြင့် အမှုဖွင့်ထားကာစစ်ဆေးဆဲဖြစ်သည့်အတွက်ကြောင့်နောက်မှအကြောင်းပြန်မည်ဟုတာဝန်ရှိသူတစ်ဦးကပြောဆိုသွားခဲ့သည်။

သတင်း-ဓာတ်ပုံ-သက်နောင်(မင်းလှ) အကုန်သိ သတင်းဌာန

Loading...

Facebook Comments