တစ်ဦးတည်းသော သားလေး မြတ်သောမောင် အကြောင်း ပြောပြလာတဲ့ စိုးမြတ်နန္ဒာ

စိုးမြတ်နန္ဒာဟာ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။ မြတ်သောမောင်ဟာ သိပ်ချစ်စရာကောင်းလှပြီး မကြာသေးခင်က MC အင်တာဗျူးမှာ ပရိသတ်တွေပိုပြီးသတိထားမိလာခဲ့တာလည်းဖြစ်ပါတယ်။ မိခင်ဖြစ်သူ စိုးမြတ်နန္ဒာရဲ့အချစ်တွေအကုန်လုံးကို ရရှိထားတာဆိုရင်လည်း မမှားပါဘူး။ စိုးမြတ်နန္ဒာကတော့ သားဖြစ်သူ မြတ်သောမောင်နဲ့ပတ်သက်ပြီး ပရိသတ်တွေကို သိပ်ပြောလေ့မရှိပေမယ့် ယခုအချိန်မှာတော့ ဗမာစကား သိပ်မပြောတတ်တဲ့ သားအကြောင်းလေးတွေကို နည်းနည်းပြောပြလာတာဖြစ်ပါတယ်။

“သူကအမှန်တကယ်တော့ တူမလေးရွှေခေတ်ထက် ဗမာလိုပိုပြောတယ်။ ဒါပေမယ့် သူက ယောက်ကျားလေးဆိုတော့ သိပ်မသွက်ဘူးပေါ့နော်။ တူမလေးကတအားတတ်တယ်။ သူတို့ကို ဘယ်သူက မေးလို့လဲမသိဘူး စိတ်လိုလက်ရဖြေနေတာ မဟုတ်ရင် ဓာတ်ပုံရိုက်ဖို့တောင် မနည်းပြောရတယ်။ အခုဆိုင်ကြော်ငြာရိုက်ပေးဆိုတော့လဲ အင်တင်တင်ပဲ။ ဗမာလိုကတော့ သူတို့ကို သေသေချာချာလေးပြောနိုင်အောင်တော့ အိမ်မှာဆိုရင်ပြောတယ် နည်းနည်းအားနည်းတာ အဲ့အပိုင်းလေးတွေရှိတယ်။ ဗာမာစာလည်းသင်နေတာ ခုတော့ သုံး၊လေးတန်းလောက်ရောက်နေပြီ။ ခုမှ သုံးလေးတန်းဖြစ်နေတာ။”

” အနုပညာတော့ သူက လုပ်မယ်မထင်ဘူး။ သူအရမ်းကြီးတော့ ဝါသနာမပါဘူး။ သူသီချင်းလေးတွေတော့ နားထောင်တယ်။ နိုင်ငံခြားအဆိုတော်တွေဘယ်လိုမေးမေးသူသိတယ်။ မင်းသမီး၊ မင်းသားလည်း သူသိတယ်။ အဲလိုမျိုးတော့သူသိတယ် တကယ်တမ်းလုပ်မလားဆိုတော့လည်း အမကတော့ ပညာအရင်တက်စေချင်တာပေါ့။ ကိုယ်တွေတုန်းကလည်း ပညာမှာထွန်းထွန်းပေါက်ပေါက်မရှိခဲ့တော့ တကယ်တမ်းကျတော့လည်း ပညာတတ်ထားတော့ ဘယ်အချိန်ထလုပ်လုပ် လုပ်ရတာပေါ့နော်။ အင်္ဂလိပ်လိုတွေ အမတို့ဆို မပြောတတ်ဘူးလေ။”

“အသက်က ခုအောက်တိုဘာဆိုရင် (၁၂) နှစ်ရှိပြီ။ သူက ပန်းချီနည်းနည်းဝါသနာပါတယ်။ ပြီးတော့ စန္ဒယားတီးချင်တယ်။ ဒါပေမယ့် သူက ပန်းချီကိုအရမ်းဝါသနာပါတော့ နောက်နှစ်လောက်ကျရင် အိမ်ကအကိုဆီပို့လိုက်တော့မယ်လို့စဉ်းစားထားတယ် ဘာလို့လဲဆို ကြီးလာလည်းပို့ရမှာထက်စာရင် ခုလည်းသွားတော့ ဆိုပြီးတော့မှပဲပို့မလားလို့ စဉ်းစားထားတယ်။ ပြီးတော့မှပြန်လာပြီးတော့မှပဲ သူတတ်တဲ့ပညာလေးနဲ့ကိုယ့်နိုင်ငံမှာအကျိုးရှိတဲ့ အလုပ်လေးပြန်လုပ်ပေါ့ အဲ့ချိန်ကျမှ ဝါသနာပါတာလုပ်ပေါ့ အဲ့ချိန်ကျတော့လည်းကိုယ်ကဒါလုပ်ဒါလုပ်ဆိုသူတို့လည်း လက်ခံမှာမဟုတ်ပါဘူး။”

“အမက အရမ်းချစ်တော့ ခွဲနိုင်ပါ့မလားဆိုတာထက် အမတို့လည်း သွားလိုက်လာလိုက် တော့ရှိမှာပဲလေ ခုလည်း အိပ်ယာထဲအိပ်တာတောင်မှ သူ့ဟာသူပဲအိပ်ချင်တယ်။ ယောက်ကျားလေးဆိုတော့သိတယ်မလား။ ယောက်ကျားလေးမွေးထားတာဆိုတော့ ကိစ္စတော့သိပ်မရှိပါဘူး။”We Love Cele

မှတ်ချက်-MC အင်တာဗျူးမှ အင်တာဗျူးဖြေကြားချက်အချို့ကိုကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။
Credit : swelsonenews

Loading...

Facebook Comments