ဈေးဝယ်လာ၍ ငပိပါလာသောရာမှ စကားရန်ဖြစ်၍ လူသတ်တဲ့ထိ ဖြစ်ပွား။

မုနိမြီ ၊ စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး ၊ ကော့မှူးမြို့ နယ် ၊ ဇီးကုန်းကျေးရွာ၊ဗိုလ်ချုပ်လမ်းဘေးတွင်ဖွင့်လှစ်ထားသည့် မင်္ဂလာဈေးကိုအောင်ဝင်း စတိုးဆိုင်တွင် ၊လူသတ်မှုဖြစ်ပွါးခဲ့ကြောင်း ကော့မှူးမြို့ မရဲစခန်းမှ စုံစမ်းသိရှိရပါသည်။”၂၀၁၈ စက်တင်ဘာ ၂၁ရက်နေ့ ဇီးကုန်းကျေးရွာ ၊ ဗိုလ်ချုပ်လမ်းဘေးရှိဖွင့်လှစ်ထားသော မင်္ဂလာဈေးစတိုးဆိုင်ပိုင်ရှင်ဖြစ်သူ စနိုင်ကိုဇင်မှာကော့မှူးမြို့ မဈေးတွင်ဈေးဝယ်သွာရာမှဆိုင်သို့ ပြန်ရောက်ပြီး။၎င်းနှင့်အတူဆိုင်မှာ အလုပ်လုပ်နေသည့် ကျော်ထက်အောင်မှ စနိုင်ကိုဇင် ငါးပိပါမလာသည့်ကစ္စအားပြောဆိုရာမှ​ကျော်ထက်အောင်နှင့် စနိုင်ကိုဇင်တို့ စကားများကြပြီးဆိုင်တွင်ပိတ်စညှပ်ရာတွင်အသုံးပြုသည့် ကတ်ကြေးအား စနိုင်ကိုဇင်မှဆွဲယူကာကျော်ထက်အောင်၏လည်ပင်းအားထိုးခဲ့၍ တရားလိုတို့ မှ ၀ိုင်းဆွဲဖြန်ဖြေကြရာ စနိုင်ကိုဇင်မှာဆိုင်တွင်ရောင်းသည့်ကြက်သွန်လှီးစတီးဓါးချွန်(အရိုး/အသွား ၇လက်မခန့် ရှိ) အားထပ်မံဆွဲယူ၍ကျော်ထက်အောင်၏၀မ်းဗိုက်အားထပ်ထိုးသဖြင့်ကျော်ထက်အောင်တွင်ဝဲဘက်လည်ပင်းထိုးသွင်းဒဏ်ရာ(၁)ချက် ၊ ၀မ်းဗိုက်ဘယ်ဘက်ခြမ်းထိုးသွင်းဒဏ်ရာ(၁)ချက်တို့ ရရှိကာ ၊ကျော်ထက်အောင်သည်ဝမ်းဗိုက်မှ ဓါးအားဆွဲနှုတ်၍ စနိုင်ကိုဇင်အားဓါးဖြင့်ပြန်ယမ်းခဲ့သဖြင့် စနိုင်ကိုဇင်တွင်ဝဲလက်ဖ၀ါးပြတ်ရှဒဏ်ရာ(၁)ချက် ၊ ၀ဲကျောကုန်းပြတ်ရဒဏ်ရာ(၁)ချက် နှင့်ဝဲခါးဇောင်းပြတ်ရှဒဏ်ရာ(၁)ချက်တို့ ရရှိသဖြင့်​ကော့မှူးပြည်သူ့ ဆေးရုံသို့ ပို့ ဆောင်ခဲ့ရာ ၊ကျော်ထက်အောင်မှာရရှိဒဏ်ရာများဖြင့်သေဆုံးခဲ့ပြီး ၊ စနိုင်ကိုဇင်မှာပြင်ပလူနာ(မစိုးရိမ်ရ)ဖြင့်ကုသခံယူခဲ့ရကြောင်းရဲမှတ်တမ်းများအရသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကော့မှူးမြို့မရဲစခန်းတွင် တရားလိုဖြစ်သူဒေါ်အေးအေးနွယ်မှ ကျော်ထက်အောင်(၁၈)နှစ်(ဘ)ဦးဇော်ထွေး ၊ တိမ်ရွာကျေးရွာ ၊ သာစည်မြို့ နယ် ၊ မန္တလေးတိုင်းဒေသကြီးနေထိုင်သူအားကတ်ကြေး/ဓါးတို့ဖြင့်သေဆုံးအောင်ပြုလုပ်သူစနိုင်ကိုဇင်(၁၇)နှစ်၊(ဘ)မန်းတင်ဇော်ဝင်း ၊အထောင်ကျေးရွာ ၊ ကျုံပျော်မြို့ နယ် ၊ ဧရာဝတီတိုင်းနေသူအားဥပဒေအရအရေးယူပေးရန်တိုင်တန်းချက်အရ ၊ကော့မှူးမြို့ မရဲတပ်ဖွဲ့ စခန်းမှစခန်းမှူးဒုရဲမှူးသက်လွင်မှအမှုစစ်ပြုလုပ်ကာ (ပ)၃၃၇/၁၈ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂ဖြင့်အမှုဖွင့်ကာဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထက်အောင်(တောင်ကြီး)

Loading...

Facebook Comments