အိမ်ထောင်ရှိပါလျှက်နဲ့ ပထွေးဖြစ်သူနှင့်ဖေါက်ပြန်နေသော အမျိုးသမီး

အိမ်ထောင်ရှိပါလျှက်နဲ့ ပထွေးဖြစ်သူနှင့်ဖေါက်ပြန်နေသော အမျိုးသမီးနှင့် ပထွေးဖြစ်သူအား တစ်လင်တစ်မယားကျင့်ထုံး ဥပဒေပုဒ်မ(၁၃)ဖြင့်အရေးယူ

၂၀.၉.၂၀၁၈

ဖြစ်စဉ်မှာ ကို——-(၂၈)နှစ်သည် လွန်ခဲ့သော(၃)နှစ် ခန့်က မ———နှင့် အိမ်ထောင်ကျပြီး ဇနီးဖြစ်သူ မ——-၏ မိခင်ဒေါ်——နှင့်ပထွေးဖြစ်သူ ဦးဆံရှည်တို့နှင့်အတူ နေထိုင်ခဲ့ရာ သားတစ်ယောက်ထွန်းကားခဲ့ ပြီး ကို—–မှာ ဆိုက္ကားနင်းပြီးအလုပ်လုပ်ကိုင်လျှက်ရှိရာ

ကို——-ဆိုက္ကား ထွက်နေစဉ်အခါတိုင်း မိန်းမဖြစ်သူ မ——- မှာ ပထွေးဖြစ်သူ ဦးဆံရှည်(ခ)မြင့်ကြည် နှင့် ဖောက်ပြန်လျှက်ရှိကြောင်း ပတ်ဝန်းကျင်မှပြောပြသိရှိရသည့်အပြင် ယောက္ခမဖြစ်သူ ဒေါ်——–ကိုယ်တိုင်ကလည်းသမီးဖြစ်သူ မ——-နှင့် ခင်ပွန်းဖြစ်သူဦးဆံရှည် (ခ)မြင့်ကြည်တို့ နှစ်ဦးအား ခြင်ထောင် ထဲတွင် ကိုယ်တိုင်တွေ့မြင်ခဲ့ကြောင်း ပြောပြသဖြင့် ဇနီးဖြစ်သူအား မေးမြန်းခဲ့ရာ မှန်ကန်ကြောင်းဝန်ခံပြောကြားခဲ့သည်ဟု သိရှိရပါသည်။

သို့ဖြစ်ပါ၍ တရားဝင်ကွာရှင်းခြင်းမရှိပဲ ၎င်း၏ ပထွေးဖြစ်သူ ဦးဆံရှည်(ခ)မြင့်ကြည် နှင့်ထပ်မံပေါင်းသင်းနေထိုင်လျှက်ရှိသော ဇနီးဖြစ်သူ မယမင်းကျော်နှင့် ယောက္ခမဖြစ်သူ ဒေါ်——-နှင့်တရားဝင် ကွာရှင်းထားခြင်းမရှိပဲ ဇနီးဖြစ်သူနှင့် ထပ်မံပေါင်းသင်းနေထိုင်သူ ဦးဆံရှည်(ခ)မြင့်ကြည်တို့အား ဥပဒေအရ အရေးယူဆောင်ရွက်ပေးပါရန်တိုင်တန်းသဖြင့် လှိုင်သာယာမြို့မရဲစခန်းမှ ဦးဆံရှည်(ခ)မြင့်ကြည် နှင့် မယမင်းကျော် တို့ (၂)ဦးအား ပ/၃၅၄၇/၁၈ တစ်လင်တစ်မယားကျင့်ထုံးဥပဒေပုဒ်မ(၁၃) အရအရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း – Tin Naing Tun

Loading...

Facebook Comments