သီချင်းမဆိုတတ်တဲ့ ချစ်သူလေးကို စိတ်ရှည်ရှည်နဲ့ သင်ကြားပေးနေတဲ့ ရွှေထူး

အဆိုတော် ရွှေထူးဟာဆိုရင် မကြာသေးခင် အချိန်ကမှ အသက် ၂၆ နှစ်ပြည့်ခဲ့တာဖြစ်ပြီး ချစ်သူလေးရွှေမှုံထံမှ မွေးနေ့လက်ဆောင်အဖြစ် တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို မွေးနေ့လက်ဆောင်အဖြစ် ရရှိခဲ့တာပဲဖြစ်ပါတယ်။ လူတွေရဲ့ ဝေဖန်ပြောဆိုမှုတွေကို ခံခဲ့ရတဲ့ သူတို့နှစ်ယောက်ကတော့ တစ်ယောက်နဲ့တစ်ယောက် မလျှော့သောအချစ်တွေနဲ့ လက်တွဲမဖြုတ်ပဲ အရမ်းကိုချစ်ပြခဲ့ကြတာပဲဖြစ်ပါတယ်။ အရမ်းကို ချစ်တတ်နေကြတဲ့ သူတို့စုံတွဲလေးကတော့ ပရိသတ်တွေကြား အပြောများပြီး ခေတ်စားနေတဲ့ အတွဲလေးတစ်တွဲပဲ ဖြစ်ပါတယ်။

 

တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ချစ်တတ်ကြတဲ့ သူတို့စုံတွဲလေးကတော့ ယခုအချိန်မှာလည်း အဆိုတော် မနောနဲ့ သွန်း သီဆိုထားတာ “မြို့သားနဲ့ တောသူ” ဆိုတဲ့ သီချင်းလေးကို သီချင်းမဆိုတတ်တဲ့ ချစ်သူလေးရွှေမှုံကို စိတ်ရှည်ရှည်နဲ့ သင်ကြားပေးခဲ့တာပဲဖြစ်ပါတယ်။ ချစ်သူလေးကို သီချင်းဆိုသင်ပေးထားတဲ့ video လေးဟာဆိုရင်လည်း ပရိသတ်တွေအကြည့်များပြီး အကြိုက်တွေ့ခဲ့ကြတာပဲဖြစ်ပါတယ်။ ရွှေမှုံလေးကလည်း ချစ်သူသင်ကြားပေးနေတဲ့ video file လေးကို shareပြီး “သူများမှ မရတာကို” ဆိုတဲ့ စာသားလေးနဲ့ သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားတာပဲဖြစ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် အရမ်းကို ချစ်ပြနေကြတဲ့ ရွှေထူးတို့ ချစ်သူနှစ်ဦးကတော့ အားကျစရာပါနော်။ သီချင်းမဆိုတတ်တဲ့ ချစ်သူလေးကို စိတ်ရှည်ရှည်နဲ့ သီချင်းဆို သင်ကြားပေးနေတဲ့ သူတို့ ချစ်သူနှစ်ဦးရဲ့ video လေးကို သဘောကျနှစ်သက်တယ်ဆိုရင် မျှဝေပြီး အားပေးလိုက်ကြပါဦးနော် ပရိသတ်ကြီးရေ။

 

Kay Kay
Ref: HtooKhant’s Facebook
Credit :www.momolay.com

Loading...

Facebook Comments