ခရီးသွားရင်း မြန်မာဆန်ဆန်လေးနဲ့ အရမ်းကို လှနေတဲ့ ဘေဘီမောင်

သရုပ်ဆောင် ဘေဘီမောင်ဟာဆိုရင် Sexy မော်ဒယ်တစ်ယောက်ကနေ လူသိများပြီးအောင်မြင်လာခဲ့တဲ့ သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ အသက်အရွယ်ရလာတဲ့ ဘေဘီမောင်ကတော့ ယခုဆိုရင် မြန်မာဆန်ဆန်တဲ့ ဝတ်စုံလေးတွေနဲ့သာ ပရိသတ်တွေကြားချပြပေးနေခဲ့တဲ့ သူလေး တစ်ယောက်ဖြစ်တာကြောင့် အများရဲ့ ချစ်ခင်မှုကို ရရှိလာခဲ့ပြန်ရတာပဲဖြစ်ပါတယ်။ ကိုယ်လုံးတောင့်တောင့်နဲ့ အရမ်းကို ချစ်စရာကောင်းတဲ့ ဘေဘီမောင်ကတော့ ယခုဆိုရင် မိသားစုတွေနဲ့အတူ အပျော်ခရီးသွားနေကြတာပဲဖြစ်ပါတယ်။

 

ချစ်ရတဲ့ မိသားစုတွေနဲ့အတူ ပုပ္ပါးကို ဘုရားဖူးရောက်ရှိနေတဲ့ ဘေဘီမောင်ကတော့ “မောနင်း” ဆိုတဲ့ စကားလုံးလေးနဲ့ နေ့သစ်လေးကို အစပြုလိုက်ပြီး “မြန်မာ မိန်းခလေးဖြစ်ရတာ ဂုဏ်ယူတယ်” ဆိုတဲ့ စာသားလေးကိုပါ သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားတာပဲဖြစ်ပါတယ်။ ခရီးသွားရင်း မြန်မာဆန်ဆန်လေးနဲ့ လှနေတဲ့ ဘေဘီမောင်ရဲ့ ချစ်စရာအလှပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။ ကြည့်ရှုအားပေးကြပါဦး ပရိသတ်ကြီးရေ။

အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ပေးနေတဲ့ ဘေဘီမောင်ဟာဆိုရင် ဒါရိုက်တာ မိုက်တီး ရိုက်ထားတဲ့ “ရိုက်စား” ရုပ်ရှင်ကားကြီးမှာလည်း သရုပ်ဆောင် ပြေတီဦး၊ စိုးမြတ်သူဇာ၊ လစ်(ဘ)ဘီ၊ မိုးဒီ၊ ဗေလုဝ၊ ခင်လှိုင်၊ ဧရာတို့နဲ့အတူ တွဲဖက်သရုပ်ဆောင် ရိုက်ကူးပုံဖော်ထားပြီး ယနေ့ 21.9.2018 မှာ ရုံတင်ပြီး စတင်ပြသတော့မှာဖြစ်တာကြောင့် သွားရောက် ကြည့်ရှုအားပေးကြပါဦး ပရိသတ်ကြီးရေ။ခရီးသွားရင်း အလှကြီးလှနေတဲ့ ဘေဘီမောင်ရဲ့ မြန်မာဆန်တဲ့ ချစ်စရာအလှပုံရိပ်လေးတွေကို ပရိသတ်ကြီးလည်း သဘောကျနှစ်သက် မယ်လို့ထင်ပါတယ်။ မြန်မာအမျိုးသမီးဖြစ်ရတာ ဂုဏ်ယူတယ်ဆိုတဲ့ ဘေဘီမောင်ရဲ့ စိတ်ဓာတ်လေးကို လေးစားအားကျတယ် မျှဝေပြီး အားပေးလိုက်ကြပါဦးနော်။ ဖတ်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Kay Kay
Ref : BabyMaung’s Facebook

Loading...

Facebook Comments