သီတင်းကျွတ်လာကန်တော့မယ့် ကောင်မလေးတွေကို သတိပေးလိုက်တဲ့ ဘစိုင်း

ပြည်သူချစ်အဆိုတော် တစ်ဦးဖြစ်တဲ့ အဆိုတော်စိုင်းစိုင်းခမ်းလှိုင်က ဆယ်စုနှစ် နှစ်စုတိုင် လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ အဆိုတော်တစ်ဦးပါ။ စိုင်းစိုင်းခမ်းလှိုင်ဟာ အသက်အရွယ်တစ်ခုကိုရောက်ရှိနေပြီဖြစ်ပေမယ့် သူ့ရဲ့အောင်မြင်မှု အရှိန်အဝါက လုံးဝကျမသွားပါဘူး။ သီချင်းဆိုကောင်းသလို ရုပ်လေးကလဲ တော်တော်ချောတာကြောင့် မိန်းကလေးတွေကတော့ အသည်းစွဲပါပဲ။

စိုင်းစိုင်းခမ်းလှိုင်က သီချင်းဆိုကောင်းရုံသာမကပဲ သရုပ်ဆောင်လဲကောင်းမွန်တာကြောင့် ရုပ်ရှင်တော်တော်များမှာလဲ သရုပ်ဆောင်နေရတာပဲဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က လာမယ့် အောက်တိုဘာလ(14) ရက်နေ့မှာကျင်းပမယ့် သူ့ရဲ့ “ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း” ရှိုးပွဲကြီးမှာ ကြိုတင်လက်မှတ်ရောင်းချရာမှာ နာရီပိုင်းအတွင်း အားလုံးအကုန်ရောင်းချနိုင်တဲ့အထိ အောင်မြင်လှပါတယ်။ဘစိုင်းလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ ပရိသတ်တွေခေါ်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်တွေကို အမြဲလိုလိုပျော်အောင် စ,တတ်သူတစ်ဦးပါ။ သူ့ကိုပရိသတ်တွေက နောက်ပြောင်ကျီစယ်သမျှကိုလဲ ဘယ်တော့မှ စိတ်မဆိုးတတ်တဲ့ ရင့်ကျက်သူတစ်ဦးပါ။

စိုင်းစိုင်းခမ်းလှိုင်က ဒီတစ်ခါမှာလဲ သူ့ရဲ့ပရိသတ်တွေကို ကျီစယ်ထားပါသေးတယ်။ “မကြံကောင်းမစည်ရာ သီတင်းကျွတ် လာကန်တော့ဖို့စဉ်းစားနေတဲ့ ကောင်မလေးတွေ ဒီမယ်ကြည့် ( အမှန်တကယ်ကိုက်ကြောင်းအာမခံပါသည် )” ဆိုပြီး သူ့ရဲ့ဖေ့ဘုတ်မှာ သူ့ခွေးလေးတွေပုံကိုတင်ထားတာပဲဖြစ်ပါတယ်။သီတင်းကျွတ်မှာ ဘစိုင်းကို ကန်တော့ဖို့ စဉ်းစားနေတဲ့ မိန်းကလေးတွေ ဘစိုင်းရဲ့သက်တော်စောင့်တွေနဲ့တော့ အဆင်ပြေမှဖြစ်မယ်နော်။ လူပျိုကြီး စိုင်းစိုင်းခမ်းလှိုင်လဲ မိန်းမမြန်မြန်ရပြီး လင်စုံမယားစုံ ကန်တော့ခံနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ကို ချစ်ကြတဲ့ ပရိသတ်တွေ ဒီပို့စ်လေးကို သဘောကျကြမယ်ဆိုရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့အတွက် ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Saw
Source; Sai Sai’s fb
Credit :www.momolay.com

Loading...

Facebook Comments