တည်ထောင်ထားတဲ့ လူမှုကယ်ဆယ်ရေးအသင်းကြီးကို စိတ်မကောင်းစွာဖြင့် ပိတ်သိမ်းလိုက်ရတဲ့ အောင်သော်

လေးစားချစ်ခင်ရသောမိဘပြည်သူများခင်ဗျာ

ကျွန်တော်အောင်သော်တည်ထောင်သောလူမှုကယ်ဆယ်ရေးအသင်းဖြစ်သည့် GMW {Golden Middle Way}Emergency Ambulance သည်ပျမ်းမျှ တလလျှင်အရေးပေါ်လူနာ ၇၀ကျော်အား အကူညီတောင်းလာသည်နှင့်တပြိုင်နက်လိုအပ်သောကျန်းမာရေးစောက်ရှောက်မှုပေး၍ ဆေးရုံဆေးခန်းသို့အခမဲ့ကူညီပို့ဆောင်ပေးနေလျှက်ရှိပါသည်။

ထိုသို့ပို့ဆောင်ကူညီရာတွင် ပြင်ပသည်းခြား စက်သုံးဆီအလှုရှင်မရှိဘဲ ကိုယ်ပိုင်ငွေနှင့်စိုက်ထုတ်၍စက်သုံးဆီဝယ်ယူဖြည့်တင်း၍ လူနာများကိုအချိန်မှီအသက်ကယ်ဆယ်၍ဆေးရုံသို့ရောက်အောင်ပို့ဆောင်ပေးခဲ့ပါသည်။အသင်းကိုတတ်နိုင်သလောက်ပံပိုးနေသောလစဉ်သီးခြားအလှုရှင်အနေဖြင့်

ငါးသောင်း ၁ဦး ၂သောင်း ၁ဦး ၁သောင်း ၁ဦး တစ်​လလုံးနေမှ အလှုငွေ ရှစ်သောင်းကျပ်သာ အလှုငွေရရှိပါတယ်။ထိုတလလုံးနေမှရရှိငွေ ရှစ်သောင်းကျပ်သည် တနေ့တာ စက်သုံးဆီဖိုးအဖြစ်သာရရှိပါသည်။ကျွန်တော့အသင်းတွင် တနေ့လျှင်ပျမ်းမျှစက်သုံးဆီဖိုးမှာလူနာများအသက်ကိုကယ်တင်ပို့ဆောင်ရသည့်အပေါ်မူတည်၍၄၀၀၀၀ကျပ်မှ၈၀၀၀၀ကျပ်အထိနေ့စဉ်ကုန်ကျလျှက်ရှိရာဒါတွေကို ကျွန်တော် နဲ့အတွင်းရေးမှူး တာဝန်ခံနဲ့အသင်းဝင် အမာခံညီလေး ညီမလေး သုံးယောက် ကနေ့စဉ် ကျခံ ပြီး လှုနာတွေအသက်ကို အချိန်မှီကယ်တင်နိုင်အောင်ကြိုးစားဖြည့်တင်း ရတာ တလကို ၁၅သိန်းမှ၁၈သိန်းကျပ် ဝန်းကျင် စက်သုံးဆီဖိုးကုန်ကျပါတယ်။

ပွင့်လင်းရာသီမှာ လူလိုင်းအလုပ်အကိုင်အခွင့်အလမ်းတွေသာယာအဆင်ပြေနေပေမယ့် ယခုလို မိုးတွင်းကာလမှာ ငွေကြေးအခက်အခဲအများကြီးရင်ဆိုင်နေကြရတယ်။အဲ့ဒီအထဲ စက်သုံးဆီဈေးကြီးမြင့်လာမှုကြောင့် ပထမဆုံးရပ်နား ရတော့မည့်အသင်းမှာ ကျွန်တော့်အသင်းလည်းတသင်းအပါဝင်ဖြစ်လာရတော့မယ်ထင်ပါတယ်။ကျွန်တော့အသင်းမှာ စပွန်ဆာ မရှိဘူး နောက်ကအမည်ခံကုမဏ္ဏီ မရှိဘူး ။ယနေ့ခတ်အချိန်အခါအရ အားလုံးလူအများက စီးပွားရေးတွေအဆင်မပြေနေကြတာကိုသိတော့ လူတကာစီသွားပြီး အလှုခံဖို့ကို မဖြစ်နိုင်ဘူး

တကယ်အဆင်မပြေသူအတွက်က နှမ်းတစေ့ကလည်း တန်ဖိုးကြီးပါတယ်။ကျွန်တော်တို့အနေနှင့်စက်သုံးဆီဖိုး၁၈သိန်းနီးပါးအားလစဉ်တိုင်းကိုယ်ပိုင်ငွေဖြင့်စိုက်ထုတ်၍ဝယ်ယူကာလူနာများအသက်အားအချိန်မှီနေ့စဉ်ကယ်တင်ပေးခဲ့သော်လည်း ယခုအခါ စိုက်ထုတ်ဝယ်ယူရန်အတွက် စက်သုံးဆီဈေးကြီးမြင့်မှုများကြောင့် ငွေကြေ့းအဆင်မပြေ၍ ယခုရက်အနည်းငယ်အတွင်းလူနာများကူညီပို့ဆောင်ခြင်းအား ရက်အကန့်အသန့်မရှိရပ်နားရပါတော့မည် ဖြစ်ပါကြောင်း မိဘပြည်သူများကို လေးစားစွာ ကြိုတင်အသိပေးအကြောင်းအပ်ပါသည်။ 

မှတ်ချက်-GMW စာမျက်နှာမှတဆင့်ကူးယူဖော်ပြထားပါသည်။
Credit : swelsonenews

Loading...

Facebook Comments