ကျေးဇူးရှင်၊ ထမင်းရှင်ကို ထိုင်ကန်တော့ခဲ့တဲ့ နေခြည်ဦး
မြန်မာနိုင်ငံရဲ့ ထိပ်တန်း Blogger တွေထဲကမှ တစ်ဦးအပါအဝင်ဖြစ်တဲ့ Beauty Blogger နေခြည်ဦးဆိုရင် မသိတဲ့လူမရှိလောက်ပါဘူး။ သူမဟာ Beauty Blogger အလုပ်ကိုစတင်လုပ်ကိုင်ခဲ့တာ နှစ်နှစ်ခန့်သာရှိသေးပေမယ့် သူမရဲ့အောင်မြင်မှုအရှိန်အဝါက မသေးလှပါဘူး။ မိန်းကလေးတွေအတွက် အလှအပရေးရာနဲ့ ဗဟုသုတတွေမျှဝေပေးတဲ့သူမို့ မိန်းကလေးပရိသတ်အမြောက်အများပိုင်ဆိုင်ထားသူတစ်ဦးပါ။ပွင့်ပွင့်လင်းလင်းနဲ့ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ သူမရဲ့ပုံစံကြောင့် နေခြည်ဦးဟာ ပိုပြီးနာမည်ကြီးလှပါတယ်။ လူငယ်ပီပီ ပေါ့ပေါ့ပါးပါးနေတတ်တဲ့ စတိုင်လ်ဟာလဲ သူမရဲ့ ကိုယ်ပိုင်အမှတ်အသားလို့လဲပြောလို့ရပါတယ်။
အမြဲထူးထူးဆန်းဆန်းတွေပဲ လုပ်တတ်တဲ့ နေခြည်ဦးက ဒီတစ်ခေါက်မှာလဲ ထူးထူးဆန်းဆန်းတစ်ခုကိုပြုလုပ်လိုက်ပြန်ပါပြီ။ အဲ့တာကတော့ သူမအလုပ်တွေများစွာ တူတူလုပ်ခဲ့တဲ့ သူမရဲ့ကွန်ပြူတာအဟောင်းလေးကို ထိုင်ကန်တော့ခဲ့တာပဲဖြစ်ပါတယ်။နေခြည်ဦးက ကွန်ပြူတာအသစ်ဝယ်လိုက်လို့် သူမရဲ့ လုပ်ဖော်ကိုင်ဖက် ကွန်ပြူတာအဟောင်းလေးကို ကျေးဇူးရှင်၊ ထမင်းရှင်ပါဆိုပြီး ထိုင်ကန်တော့ခဲ့တာဖြစ်ပါတယ်။ တကယ် ပေါက်တတ်ကရလုပ်တတ်တဲ့ နေခြည်ဦးပါပဲ။ သူမလုပ်နေတဲ့ပုံလေးကလဲ တကယ်ချစ်စရာလေးနော်။
နေခြည်ဦးရဲ့ ဒီပိုစ့်လေးကိုကြည့်ရတာ ပရိသတ်ကြီးလဲ သဘောကျကျေနပ်ကြမယ်လို့ထင်ပါတယ်။ ပရိသတ်ကြီးလဲ နေခြည်ဦးလုပ်နေတဲ့ပုံလေးကြည်ပြီး အသည်းတွေယားနေပြီမလား။ နေခြည်ဦးကိုချစ်တဲ့ပရိသတ်တွေ ဒီပိုစ့်လေးကို Like & Share လုပ်ဖို့မမေ့ပါနဲ့နော်။
Saw
Source: Nay Chi Oo’s instagram
Credit :www.momolay.com
Facebook Comments