(၁)နှစ်နဲ့(၈)လပြည့်ပြီဖြစ်တဲ့အားကိုးလို့ရနေတဲ့ လူလည်မလေးတွေဖြစ်နေတဲ့ သမီးလေးတွေအကြောင်း ပြောပြလာတဲ့ မေမေချစ်သုဝေ

ပရိသတ်တွေရဲ့ အသည်းကျော် အမွှာသမီးချောလေးတွေ ဖြစ်ကြတဲ့ ခေတ်နဲ့ သစ်တို့ကတော့ ပရိသတ်တွေရဲ့ မျက်စိရှေ့မှာတင် တဖြည်းဖြည်း အရွယ်ရောက်လို့ (၁)နှစ်နဲ့ (၈)လ အရွယ်ကို ရောက်ရှိလာပြီဖြစ်ပါတယ်..။

ချစ်စရာကောင်းလွန်းပြီး (၁)နှစ်နဲ့(၈)ရှိပြီဖြစ်တဲ့ ခေတ်လေးနဲ့ သစ်လေးတို့ကတော့ အရွယ်နဲ့ မလိုက်အောင် လည်လွန်းတတ်လွန်းပြီး အားကိုးလို့ရနေတဲ့ လူလည်မလေးတွေ ဖြစ်နေကြတဲ့ အကြောင်းကို မေမေချစ်သုဝေက ပရိသတ်တွေကို ပြောပြလာပါတယ်..။

မေမေ ချစ်သုဝေကို ချစ်တယ်လို့ တဖွဖွပြောတတ်နေပြီဖြစ်တဲ့ ခေတ်တုတ်နဲ့ သစ်တုတ်ဟာ အမေကို အရာအားလုံး ကူလုပ်ပေးချင်နေပြီဖြစ်သလို စာတွေတောင်ပြန်သင်ပေးချင်နေပြီဖြစ်တာမို့ မေမေချစ်သုဝေတစ်ယောက်ကတော့ သိတတ်လိမ္မာလွန်းတဲ့ သမီးလေးတွေကို ချစ်မဝနိုင်ဖြစ်နေရတယ်လို့ ဆိုပါတယ်..။

သူမရဲ့ ဘဝအတွက် အဓိပ္ပာယ်အပြည့်ဝဆုံးနဲ့ ပြီးပြည့်စုံမှုလေးတွေကို သမီးလေးတွေက ပေးတယ်ဆိုပြီးတော့လည်း သမီးလေးတွေအကြောင်းကို ဆက်ပြီးတော့လည်း ပြောပြထားပါသေးတယ်..။

အိုင်တင်အမျိုးမျိုးနဲ့ ဓာတ်ဖမ်းခဲ့ကြတဲ့ ခေတ်နဲ့ သစ်လေးတို့ရဲ့ ဓာတ်ပုံလေးတွေတင်ပြီး “ချစ်တတ်တယ်

မျက်နှာရွှင်ကြည်တယ်

စကားတွေသိပ်ပြောချင်တယ်

လူကြီးတွေကိုပြန်စတတ်တယ်

ကိုယ့်လက်ကိုယ့်ခြေအကုန်လုပ်ချင်တယ်

တစ်ခါခါစိတ်ကြီးတယ်

အကြီးကအငယ်ကိုထိန်းတယ်

အငယ်ကအကြီးကိုစနောက်တယ်…. အို…သမီးလေးတွေရဲ့အပြုအမူတိုင်းဟာ အစကတည်းက ကလေးချစ်တတ်တဲ့မေမေ့ကို ရူးစေပါတယ် သည်းလေးတွေရယ်…

သည်းလေးတို့အတွက် မေမေ ပြည့်စုံကောင်းမွန်အောင်အမြဲကြိုးစားနေမယ်နော်..” ဆိုပြီး ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်..။

Photo – ချစ်သုဝေ

Loading...

Facebook Comments