အွန်လိုင်းပေါ် ပြန့်သွားတဲ့ အတွဲပုံတွေနဲ့ပတ်သက်ပြီး ဘာကြောင့်ချမပြခဲ့လဲဆိုတာ ပြောလိုက်တဲ့ ပိုင်တံခွန်

မော်ဒယ်ပိုင်တံခွန်ကတော့ မကြာသေးခင်ကမှ အချစ်ရေးနဲ့ပတ်သက်ပြီး သတင်းတွေထွက်လာခဲ့တာဖြစ်ပါတယ်။ ပိုင်တံခွန်နဲ့ စုလှိုင်ဝင်းတို့ရဲ့စုံတွဲပုံတွေဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပြီးတော့ ပရိသတ်တွေရဲ့ ထင်ကြေးအမျိုးမျိုးပေးခြင်းတွေခံနေရတဲ့အချိန်မှာ စုလှိုင်ဝင်းက သူမတို့အမှန်တကယ်ချစ်သူတွေဖြစ်ခဲ့ကြောင်း ဝန်ခံပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ထိုပုံတွေဟာ လွန်ခဲ့တဲ့ (၃) လလောက်က ပြီးဆုံးသွားတဲ့ ပိုင်တံခွန်နဲ့ စုလှိုင်ဝင်းတို့ရဲ့အချစ်ဇာတ်လမ်းက ပုံတွေပဲဖြစ်ပါတယ်။ စုလှိုင်ဝင်းနဲ့ ပိုင်တံခွန်ဟာ ခုချိန်မှာတော့ လမ်းခွဲပြီးသားဖြစ်နေကြောင်း စုလှိုင်ဝင်းဘက်က ဖြေရှင်းချက်ပေးခဲ့တာလည်းဖြစ်ပါတယ်။ ပိုင်တံခွန်အနေနဲ့ကတော့ ဒီပုံတွေနဲ့ပတ်သက်ပြီး

 

ကျတော်လည်းလူငယ်ပဲ ရည်းစားတွေတော့ထားခဲ့ဖူးတာပေါ့ ဒါပေမယ့် ပြတ်သွားတာနဲ့ပတ်သက်ပြီးဆိုရင်တော့ ကျတော်အမြဲတမ်းဖြေပါတယ် ကျတော်ဘယ်ကောင်မလေးနဲ့ ရည်းစားထားတယ် ဘယ်သူနဲ့ဘယ်လိုတွဲတယ်ဆိုတာ အမြဲတမ်းမပြောဘူးဆိုတာ တကယ်လို့ အဲလိုတွေဖြစ်လာခဲ့ရင် ကျတော်တို့ယောက်ကျားလေးတွေကဘာမှမဖြစ်ဘူး မိန်းကလေးတွေ သိက္ခာကျတယ်။ အဲဒါကြောင့်လဲ ကျတော်ကောင်မလေးတွေထားတိုင်း ချပြတာရှားတယ်။ ရည်းစားများခဲ့တယ်ဗျာ ဒါပေမယ့်အဆင်မပြေလို့သာလမ်းခွဲတယ် အဲလိုပုံစံတွေပဲရှိတယ် တခြားဘာမှထွေထွေထူးထူးတော့ပြောစရာမရှိဘူး။ လို့ ဆိုပါသေးတယ်။

ဒါ့အပြင် ပိုင်တံခွန်ဟာ မိန်းကလေးတစ်ယောက်အပေါ် အမြဲပေးဆပ်ခြင်းနဲ့ချစ်ချင်တဲ့လူတစ်ဦးဖြစ်ကြောင်းလည်း ပြောခဲ့ပါသေးတယ်။ မိန်းကလေးတစ်ယောက်နဲ့လက်တွဲပြီဆိုရင် သူ့ဘဝရဲ့ လျှောက်လှမ်းရာ ထိပ်မှာ အဲ့ဒီမိန်းကလေးအတွက် အမြဲစဉ်းစားပေးတတ်တဲ့ သူ့အကြောင်း ပွင့်ပွင့်လင်းလင်းပြောဆိုလာပါတယ်။

Source : We Love Cele

Loading...

Facebook Comments