သားကြီးကို မဆဲဖို့ ငိုပြီးတောင်းပန်ခဲ့တဲ့ အဆိုတော် ရွှေထူး ရဲ့ မိခင် ဒေါ်ယဉ်ကျေး

အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်အများစုရဲ့ အပြစ်ပေးတဲ့ အပြစ်ဒဏ်ကို ခံနေရလို ဘယ်လိုအကြောင်းအရာတွေလုပ်လုပ်၊ ဘယ်လိုကိစ္စတွေဘဲ လုပ်လုပ် တစ်ချိန်လုံးကို ဝေဖန်ဆဲဆိုပြစ်တင် နေကြပါတယ်။ အဆိုးဆုံးကတော့ ပြတ်ဆဲခဲ့တဲ့ Relationship နဲ့ပတ်သက်ပြီး ဝေဖန်ခံနေရတာတွေလဲ ရှိပြီး၊ ချစ်သူအသစ်ဖြစ်တဲ့ မင်းသမီးရွှေမှုံရတီနဲ့ ပတ်သက်ပြီး ပြစ်တင်ဝေဖန်မှုတွေက ပိုများခဲ့သလို မိခင်ဖြစ်သူကိုယ်တိုင်ကလဲ အဆိုပါအချစ်ရေးနဲ့ ပတ်သက်ပြီး နားလည်မှုတွေလွဲခဲ့ကာ စက်တင်ဘာလ(၁၉)ရက်နေ့မှာ ကျရောက်တဲ့ ရွှေထူးရဲ့ အသက်(၂၆)နှစ်ပြည့်မွေးနေ့မှသာ မိခင်ဖြစ်သူရဲ့ အနမ်းကို ပြန်လည်ရရှိခဲ့တာဖြစ်တယ်လို့လဲ သိရပါတယ်။ အဲ့ဒီနောက်မှာတော့ မိခင်ဖြစ်သူ ဒေါ်ယဉ်ကျေး ကလဲ သားဖြစ်သူကို ဆဲဆိုနေကြသူတွေကို ငိုပြီး တောင်းပန်ခဲ့ကာ သားဖြစ်သူရဲ့ အကျင့်စာရိတ္တတွေနဲ့ အားငယ်တက်ပုံတွေကိုလဲ ပြောပြခဲ့ပါတယ်။

ရွှေထူးရဲ့ မိခင်ဖြစ်သူ ဒေါ်ယဉ်ကျေ ပြောခဲ့တာကတော့ ” ရင်ထဲမှာ အရမ်းခံစားရတယ်။ ကိုယ့်သားလေ တီက သိပ်ချစ်တာကိုး။ ခုလိုဆဲတာတွေ လာမေးရင် မပြောချင်ဘူး တီအရမ်းခံစားရတယ်။ အမှန် တီ့သားက အရမ်းဆိုးဆိုးဝါးဝါးကြီးလုပ်နေတာမဟုတ်ဘူးလေ။ ယောက်ကျားပီပီသသနဲ့ သူအကုန်လုံးကိုပွင့်ပွင့်လင်းလင်းပြောပြီးမှ လုပ်တာလေ။ အဲမှာဆဲတဲ့ပြောတဲ့လူတွေကလည်း ဒါကြောင့် ဆဲချင်နေကြတာကိုး။ တီ့သားမှမဟုတ်တာ။ အမေစုကိုတောင်မှသူတို့ဆဲကြတာလေ။ သားထက်အများကြီး အရည်အချင်းရှိတဲ့၊ အရည်အသွေးရှိတဲ့သူတွေကိုတောင်မှ သူတို့ဆဲနေကြတာပဲ။ အဲတော့ဒီအပေါ်မှာ တီလိုက်ခံစားနေရင် တီလည်း အိပ်ယာထဲကနေ ထနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် အမေတစ်ယောက်အနေနဲ့တော့ အရမ်းခံစားရတာပေါ့။ အားရင်ငိုတာပဲ။ တီ ငိုတယ် တီ့မှာဘာမှမရှိဘူး။ တီ အားကိုးစရာ ဒီမျက်ရည်ပဲ။

အဲလိုစိတ်ပျော့ စိတ်ပြေသွားရင် တီကိုယ့်ကိုပြန်ပြီးထူထောင်တာပဲ။ ဘာလို့လဲဆို သားသမီးတွေရှေ့မှာ တီရပ်ရဦးမယ်လေ တီပဲရှိတာလေ။ ဒီသားသမီးတွေက တီ့ရဲ့အားနဲ့ နေနေကြတာ။ ပိုက်ဆံရှိတာ ချမ်းသာတာ တီစိတ်မဝင်စားဘူး။ တီ စိတ်ချမ်းချမ်းသာသာလေးပဲနေချင်တယ်။ ခု ဆဲကြဆိုကြတယ် အန်တီသားကို ကျွဲတွေ၊ နွားတွေ ပြောကြတဲ့ သူတို့မိဘတွေ သူတို့ကိုပြောရင် ဘယ်လိုခံစားရမလဲဆိုတဲ့ ကိုယ်ချင်းစာတရားလေးနဲ့ဘဲ မြင်ပေးရင်ပဲ အန်တီကျေနပ်ပါပြီ။ ဆဲရမှ ကျေနပ်မယ်ဆိုရင်လဲ ဆဲပါ အန်တီဘာမှမပြောပါဘူး။ အားပေးတဲ့ပရိသတ်တွေကိုတော့ တအားချစ်တာ အန်တီအိမ်မှာ ထမင်းတောင် ခေါ်ပြီး တစ်သက်လုံးကျွေးထားချင်တာ။ တီအရမ်းမေတ္တာပေးတယ်။ တချို့ကလေးတွေ အန်တီ့သားပေါ် ပြောကြဆိုကြတာ သားလေးကိုချစ်လွန်းလို့ ဖြစ်ကြတာ အန်တီနားလည်တယ်။ ဂရုဏာဒေါသနဲ့ဖြစ်ကြတာ။ သို့သော်လည်းပဲ သူတို့တွေက ဦးနှောက်မရှိတဲ့ အတွေးအခေါ်မရှိတဲ့ ကလေးတွေမဟုတ်ဘူး သူတို့မှာလည်း သူတို့ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အခါကျတော့ ပရိသတ်တွေမှာလည်း သူတို့ဆုံးဖြတ်ပိုင်ခွင့်နဲ့ပြောကြတာ ပြောပါစေ။ သို့သော်လည်းပဲ နောက်ပိုင်းဆက်ချစ်ပေးပါ။ ဒီလောက်ပြောခဲ့ရရင် ကျေနပ်ကြပါတော့ ။ ရပ်ပေးကြပါတော့ ဒါလေးပါပဲ ” ဆိုကာ မျက်ရည်တွေနဲ့ ပရိသတ်တွေကို တောင်းဆိုခဲ့ပါတယ်။

ရွှေထူးဟာ အရမ်းအားငယ်တတ်တဲ့သားတစ်ယောက်ဖြစ်ပြီး ယခုအချိန်ထိ မိခင်ရင်ခွင်ထဲမှာ အားငယ်တဲ့အခါ လာရောက်ငိုကြွေးနေတုန်းလို့ဆိုပါတယ်။ဒေါ်ယဉ်ကျေးအနေနဲ့တော့ ဘယ်အခြေအနေပဲရောက်ရောက် သားဖြစ်သူရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးဖို့ ရွှေထူးကလည်း တောင်းဆိုထားတာ ကြောင့် သူမအနေနဲ့တော့ ရှေ့မှာ အများသိကြတဲ့အတိုင်း စိတ်ဆင်းရဲမှုတွေကို အများကြီးကြုံခဲ့ရတယ်လို့လည်း ဆိုပါတယ်။ စက်တင်ဘာ ၁၉ ရက်နေ့ဟာ ကျရောက်တဲ့ အဆိုတော် ရွှေထူးရဲ့အသက်(၂၆)နှစ်ပြည့် မွေးနေ့ကို ၈၉ မိုင် ၅ဖာလုံမှာရှိတဲ့ YGW မိဘမဲ့ဂေဟာမှာ မိသားစု၊ ချစ်သူနဲ့အတူ သွားရောက် အလှူပြုလုပ်ခဲ့တာဖြစ်ပါတယ်။

KKK(momolay)
Source – momolaytv
Credit :www.momolay.com

Loading...

Facebook Comments