ချစ်သူအတွက် သိန်းနှစ်ရာဝန်းကျင် တန်ဖိုးရှိတဲ့ နောက်ဆုံးပေါ်ပစ္စည်းတွေကို မွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့တဲ့ ရွှေမှုန်ရတီ

ပရိသတ်ကြီးရေ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့စုံတွဲကတော့ လတ်တလောမှာ ဝေဖန်ခံနေရပေမယ့်လည်း အချစ်တွေ ခိုင်မြဲနေကြတာ တွေ့ရပါတယ်။ အချစ်စစ်ကို အရင်းခံရင်း အတိုက်အခိုက်တွေကြားက ပိုတိုးချစ်နေကြတဲ့ သူတို့နှစ်ဦးက လူငယ်သဘာဝ သူငယ်ချင်းအဆင့်ကနေ ချစ်သူဘဝကို ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က လတ်တလောမှာ အမြဲလိုလို အတူတွဲနေရပြီး သူတို့နဲ့ပတ်သက်တဲ့အကြောင်းအားလုံးကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ရက်နေ့ကတော့ အဆိုတော် ရွှေထူးရဲ့ အသက် ၂၆နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဒီမွေးနေ့လေးရဲ့ မနက်ပိုင်းမှာတော့ ရွှေထူးက ချစ်သူရွှေမှုန်နဲ့အတူ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေး၊ မိုင်တိုင် (၈၉) မိုင်မှာရှိတဲ့ “အဝါရောင် မျိုးဆက်သစ် လူငယ် ပရဟိတ အသင်း” မှ မိဘမဲ့ ကလေးငယ်များ အတွက် နေ့လည်စာ၊ အအေး နှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီး သီချင်းတွေနဲ့လည်း သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။ ညနေပိုင်းမှာတော့ ရွှေမှုန်က သူရဲ့ချစ်သူ ရွှေထူးကို မွေးနေ့ Suprise လုပ်ပေးခဲ့ပြီး DG ဖိနပ်၊ Louis Vuitton (LV) လက်ကိုင်အိတ်တွေကို လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။

ရွှေမူန်က ချစ်သူရဲ့ မွေးနေ့လေးမှာ Louis Vuitton Brand မှ နောက်ဆုံးပေါ်လက်ဆွဲအိတ်၊ နာရီနဲ့ အမိုက်စား DG Shoe တို့ကို လက်ဆောင်အဖြစ်ပေးခဲ့တာ ဖြစ်ပါတယ်။ LV အမှတ်တံဆိပ်ဖြစ်တဲ့ အိတ်ကတော့ ($1940- မြန်မာငွေ သိန်း ၃၀ ကျော် ဝန်းကျင်) ၊ Lv တံဆိပ် Tambour Automatic Chronograph Brown နာရီကတော့ ($-5950 မြန်မာငွေ သိန်း ၉၀ ကျော် ဝန်းကျင်) နဲ့ နောက်ဆုံးပေါ် DG တံဆိပ် ဖိနပ်ကတော့($795- မြန်မာငွေ သိန်း ၁၂သိန်းကျော် ဝန်းကျင်) ခန့်အသီးသီး တန်ဖိုးရှိတာပဲ ဖြစ်ပါတယ်။ ရွှေမှုန်အနေနဲ့ ရွှေထူးကိုမွေးနေ့လက်ဆောင်ပေးခဲ့တဲ့ အသုံးအဆောင်တွေရဲ့တန်ဖိုးက စုစုပေါင်း သိန်းတစ်ရာကျော် နှစ်ရာနီးပါးအထိရှိတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရွှေထူးရဲ့မွေးနေ့မှာ ရွှေမှုန် Suprise လုပ်ပေးခဲ့တဲ့ တန်ဖိုးကြီးလက်ဆောင်တွေကို ကြည့်ရှုဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

Source: Shwe Htoo

 

Loading...

Facebook Comments