ရဲတပ်ဖွဲ့၏ အချိန်ဆွဲမှုကြောင့် “မသေသင့်ပဲ လူတစ်ယောက် သေဆုံး သွားရလေခြင်း”ဆိုပြီး မချိတင်ကဲ ဖြစ်ကာ ရဲတွေအား ပြည်သူတွေ ပေါက်ကွဲ ဆဲဆိုနေကြတဲ့ ဖြစ်ရပ်ကြီး

ဖြစ်စဉ်မှာ ယနေ့ မနက် ၉နာရီကျော် သုခမှတ်တိုင်တွင် အိမ်စီးကားက ရှေ့ကားကို (ဖြည်းညှင်းစွာ) ဆောင့်မိသွားသဖြင့် ထိုအိမ်စီးကားမောင်းသူမှ ရှေ့ကား ဘာဖြစ်သွားလဲ ဟူသော အသိစိတ်ဖြင့် ကားပေါ်က ဆင်းကာ မေးမလို့ ပြင်နေချိန်မှာပဲ . .

ထိုသူမှာ ရုတ်တရက် နှလုံးဖောက်ကာ လဲကျသွားပါတယ်။
ဒါ့ကြောင့် ဘေးနားမှာ ရှိနေတဲ့ လူတွက ဝိုင်းဝန်း ပြစုပါတယ်။ထိုသူလည်း သတိလစ်နေတာ မဟုတ်သေးပါဘူး လဲရုံပဲ လဲနေတာပါ . . . ဒါ့ကြောင့် သူ့ကို ပြုစုနေတဲ့လူတွေကို သူ့ရဲ့မိသားစု အသိမိတ်ဆွေတွေကို ဆက်သွယ်နိုင်ဖို့ ဖုန်းထုတ်ပေးနိုင်ပါသေးတယ်။

ဒီအချိန်မှာ ရဲရောက်လာပါတယ်။ ပြည်သူတွေက အရေးပေါ်ကားလူနာတင်ယာဉ် ခေါ်ပေးပါ ဟု တောင်းဆိုပါတယ်။ ဒါကို ရဲက လူနာတင်ယာဉ် မခေါ်ပဲ သူတို့ ရဲအချင်းချင်း ခေါ်ပါတယ်။ြ ပီးတော့ ဒုရဲအုပ်ဆိုသူက စာအုပ်ကြီး ကိုင်ပြီး ဖြစ်စဉ်ကို မေးမြန်းနေပါတယ်။

အာ့လို လူနာတင်ယာဉ် မခေါ်ပဲ ရဲတပ်ဖွဲ့က စာအုပ်ကြီးကိုင် စစ်ဆေးမေးမြန်းနေတော့ နှလုံးဖောက်နေတဲ့ အိမ်စီးကားပိုင်ရှင်ဟာပိုဆိုးလာပြီး နှုတ်ခမ်းတွေ ပြာကာ သေဆုံးသွားပါတော့တယ်။

ဒါ့ကြောင့် အနားမှာ ရှိတဲ့ ပြည်သူလူထုက ရဲတွေအား ဆဲဆို ပြစ်တင် ပြောဆိုကြပါတော့တယ် ။ “လူနာတင်ယာဉ်ကား အရေးပေါ်ကား ခေါ်လိုက်ရင် အသက်ရှင်နိုင်တဲ့သူ တစ်ယောက်အတွက်အရေးကြီးတာ မလုပ်ပဲ စာအုပ်ကြီးကိုင် စစ်မေးနေလို့ သေသွားရတယ် “ဆိုပြီး ဆဲဆို ပြစ်တင်ခဲ့ကြတာ ဖြစ်သလို ဝေဖန်မှုတွေလည်း ယခုအခါ မြှင့်တက်လာနေပါတယ်။ ဒီပုံစံ ဒီအချိုးတွေနဲ့ ဒီလိုရဲ ဆက်လုပ်နေအုံးမည်ဆိုရင်တော့ . . . ။

“ကိုယ်တွေ့ကြုံသူ ပြောကြားချက် ”

“20-9-2018 9:10Am သုခမှတ်တိုင်မှာ သေဆုံးသူအိမ်စီးကားက ရှေ့ကားကို သာသာလေး ဆောင့်မိပြီး ကားပေါ်က အဆင်း ဘာဖြစ်သွားလဲ မေးမလို့ပဲရှိသေး. . .

သွသူလဲကျသွားတာကို ဘေးလူတွေက ဝိုင်းပြုစုတယ်
စကားပြောနိုင်တယ် သူ့ဖုန်းကို သူ့ကိုပြုစုနေတဲ့လူကို
ထုတ်ပေးနိုင်တယ်. . .

ရဲရောက်လာတယ် Ambulance ခေါ်ပါဆိုတာကို
သူတို့ရဲအချင်းချင်းခေါ်တယ်ပီးတော့ဒုရဲအုပ်ဆိုတဲ့လူက
စာအုပ်ကြီးကိုင်ပီးမေးနေတယ်
ဟိုလူကနှုတ်ခမ်းတွေပြာပီးသေနေပြီ

ဘေးက ဝိုင်းကြည့်နေတဲ့လူတွေကပါ ဝင်ဆဲတယ် . . .
ကောင်းတာပေါ့ . မအေLoL ရဲများ တစ်ခုခုဆို အမြဲတမ်းစာအုပ်ကိုင်ပြီး ဖြစ်စဉ်မေးနေ. . .

ဆေးရုံရောက်ရင် အသက်ရှင်ရင်ရှင်မယ့်လူက
သူတို့အချိန်ဆွဲတာနဲ့ တင်သေပြီ. . .

သတင်းတင်တာမဟုတ်ဘူး
စိတ်တိုလို့တင်တာ “ဆိုပြီး myint thet naingဆိုသော ကိုယ်တွေ့မျက်မြင် မြင်ခဲ့သူက ပြောပါတယ်။

Credit:SNM Media#

Loading...

Facebook Comments