လမ်းခွဲခဲ့တာ ၃လကြာပြီ ဆိုတဲ့ သတင်းတွေထွက်နေတဲ့ ပိုင်တံခွန် နဲ့ ဆုလှိုင်ဝင်း

ပရိသတ်တွေ အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန်နဲ့ ဆုလှိုင်ဝင်းတို့ဟာ မကြာသေးခင် ရက်ပိုင်းအတွင်းက စုံတွဲပုံတွေထွက်ပေါ်လာခဲ့ပြီး ကောလဟာလ တစ်ချို့လဲ ပြောဆိုလာကြပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ဦးဟာ ချစ်သူတွေ ဖြစ်ခဲ့ကြပြီး အကြောင်းကြောင်းကြောင့် လမ်းခွဲခဲ့ကြတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ယခုအချိန်ထိတော့ ပိုင်တံခွန်ဘက်က ဖြေရှင်းခြင်း မရှိခဲ့သေးပါဘူး။ သူတို့နှစ်ဦးရဲ့ ကိုယ်စီပရိသတ်တွေကတော့ အသည်းတွေ ကွဲကုန်ကြပါပြီ။

 

မော်ဒယ် ပိုင်တံခွန် ဘက်ကနေ ဖြေရှင်းခြင်း မရှိပေမယ့် ဆုလှိုင်ဝင်းဘက်ကတော့ ဖြေရှင်းခဲ့တယ် ဆိုတဲ့ သတင်းတွေလဲ ဆက်တိုက်ထွက်ပေါ်နေပါတယ်။ အဆိုပါသတင်းမှာ သရုပ်ဆောင်မော်ဒယ် ပိုင်တံခွန် နဲ့ လွန်ခဲ့တဲ့ သုံးလလောက်က လမ်းခွဲခဲ့ပြီဖြစ်ပေမယ့် ဒီကနေ့မှာ သူတို့ရဲ့ စုံတွဲ ပုံတွေ လူမှုကွန်ရက် စာမျက်နှာမှာပြန်တက်လာတာကြောင့် သူအသုံးပြုနေတဲ့ Facebook အကောင့်ကိုတောင် Deactivate လုပ်ချင်စိတ်ပေါက်သွားတယ်။အရင်တုန်းက ပုံတွေပါ။ ပုံတွေ တင်လိုက်တဲ့ ကောင်မလေးကိုလည်း မသိဘူး။ နှစ်ယောက်က မုန်းလို့ လမ်းခွဲလိုက်တာတော့ မဟုတ်ပါဘူး။

ညီမလည်းကျောင်းကိစ္စနဲ့ သူလည်း သူ့အလုပ်တစ်ဖက်နဲ့ဆိုတော့ နှစ်ယောက်သားနားလည်မှုနဲ့ လမ်းခွဲလိုက်တာပါ။ အဲဒီကောင်မလေးကို လိုက်ရှာပေမယ့် မတွေ့ခဲ့ဘူး။သူ ဒီဓာတ်ပုံဘယ်လိုရလဲတော့မသိဘူး။ ညီမ second semester တက်တော့ စကြိုက်ပြီး ပြတ်သွားတာကတော့ ၃ လ လောက်ရှိပြီထင်ပါတယ်” လို့ စုလှိုင်ဝင်းကအကုန်သိ သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး မော်ဒယ်ပိုင်တံခွန်ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေက မှန်ကန်မှုရှိမရှိဆိုတာ ကိုတော့ သူတို့ ကာယကံရှင်နှစ်ဦးသာ သိနိုင်တာမို့ သူတို့ရဲ့ဖြေရှင်းချက်တွေကို ပရိသတ်တွေက စောင့်မျှော်နေကြပါတယ်။

KKK(momolay)
photo – suhlaingwin’s fb, paingtakhon’s fbll

Credit :www.momolay.com

Loading...

Facebook Comments