အစားစားရင် ကိုယ့်ဘာသာကိုယ်မစားလို့ ချစ်သူကို အမြဲခွံ့ကျွေးရတယ်ဆိုတဲ့ ​ရွေမှုံရတီ

တစ်ခါတစ်လေကျပြန်တော့လည်း အချစ်ဆိုတဲ့ အရာက ဆန်းကြယ်လွန်းတာမို့ မိမိမထင်မှတ်ထားတဲ့သူနဲ့လည်း ချစ်မိကောင်း ချစ်သွားနိုင်ပါတယ်။ အနုပညာရှင်တွေမဖြစ်ခင်ကတည်းက သာမာန်လူတွေဖြစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့နှစ်ဦးကလည်း တစ်ဦးရဲ့ရင်ထဲမှာ တစ်ဦး အချစ်တွေရှာဖွေတွေ့ရှိခဲ့ကြတာမို့ နှစ်ကိုယ်တူ စိတ်ချမ်းသာရမယ့် ပြီးပြည့်စုံတဲ့ အချစ်ရေးကို ပုံဖော်နေကြတာပါ။ မနေ့ကကျရောက်ခဲ့တဲ့ ရွှေထူးရဲ့မွေးနေ့လေးမှာတော့ ရွှေမှုံက တစ်နေ့လုံး အတူရှိနေပေးခဲ့ပြီး Surprise လက်ဆောင်တွေလည်း ပေးခဲ့တာ တွေ့ရပါတယ်။ ရွှေမှုံလေးကတော့ ချစ်သူရဲ့မွေးနေ့အမှတ်တရပုံရိပ်တွေနဲ့အတူ ကလေးဆိုးဆိုးတဲ့ ရွှေထူးရဲ့အကြောင်းလေးကို ဖောက်သည်ချခဲ့တာပါ။ မိုမိုလေးချစ်ပရိသတ်တွေအတွက် ရွှေထူးနဲ့ ရွှေမှုံလေးရဲ့ ချစ်စဖွယ်ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရွှေမှုံလေးကတော့ ” မွေးနေ့ က You need all my love [🎼]You got all my love [😍] by way [🤷🏻‍♀️]ကြွားလိုက်ဦးမယ် အဲ့အိတ်လေးက သူ့ဒုတိယမြောက် လက်ဆောင် thx babe[❤️] happy memories of my life [🎀][❤️]” ဆိုပြီး ချစ်သူလေးရဲ့ ဒုတိယမြောက်လက်ဆောင်လေးအကြောင်းကိုလည်း ကြွားထားပါသေးတယ်။

ဆက်ပြီးတော့လည်း ရွှေမှုံလေးက ကလေးတစ်ယောက်လို ဆိုးတဲ့ ချစ်သူလေးရဲ့အကြောင်းကို ” အမြဲခွံရတယ် ကိုယ့်ဘာသာကိုယ်မစားဘူး အမြဲတမ်း” ဆိုပြီး ချစ်စဖွယ်လေး ရေးသားထားတာ တွေ့ရပါတယ်။

ချစ်​ပရိသတ်​​တွေလည်း သာမာန်​စုံတွဲ​တွေလိုပဲ တစ်​ဦးနဲ့တစ်​ဦး ချစ်​မဝဖြစ်​​နေကြတဲ့ ​ရွှေထူးနဲ့ ​ရွှေမှုံရတီတို့နှစ်​ဦးရဲ့ အချစ်​​ရေးကို သ​ဘောကျရင်​ share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Shwe Mhone Yati’s Facebook

Loading...

Facebook Comments