၅တန်းကျောင်းသူလေး ဗိုက်အောင့်လို့ ဆေးခန်းသွားပြရာ အကိုဖြစ်သူရဲ့ လက်ချက်ဖြစ်နေ

အကိုဖြစ်​သူက ညီမအရင်းကို သားမယားပြုကျင့် မိန်းက​လေး တွင်​ ကိုယ်​၀န်​ရှိ​နေ။

ပဉ္စမ တန်း ​ကျောင်းသူ ​လေးက စာဖတ်​​နေရင်းဗိုက်​​အောင့်​လာလို့ ​ဆေးခန်း သွားပြရာကအကိုဖြစ်​သူရဲ့ သားမယားပြုကျင့်​ ခြင်းခံရတာ​ပေါ်​ပေါက်​။

သြဂုတ်​လ ၂၈ ရက်​​နေ့က မန္တ​လေး တိုင်း​ဒေသကြီးမိထ္တီလာ ခရိုင်​ သာစည်​မြို့နယ်​ ……..​ကျေးရွာ တွင်​ပဉ္စမ တန်း ​ကျောင်းသူ​လေးအား အစ်​ကိုဖြစ်​သူက သားမယားအဖြစ်​ ပြုကျင့်​ ခဲ့​ကြောင်း သိရှိရသည်​။

ဖြစ်​စဉ်​မှာ ၂၈.၈.၂၀၁၈ ရက်​​နေ့က သာစည်​မြို့နယ်​………​ကျေးရွာ ​နေ ​ဒေါ်……..၄၈ နှစ်​သည်​ ​နေအိမ်​၌ ရှိ​နေစဉ်​ သမီးဖြစ်​သူ မ…….၁၅ နှစ်​ပဉ္စမ တန်း ​ကျောင်းသူ က စာ​ရေး​နေရင်း”ဗိုက်​​အောင့်​ လာလို့ စာမ​ရေးနိုင်​ .” ဟု ၎င်းအား​ပြောပြခဲ့သဖြင့်​ သြဂုတ်​လ ၃၁ ရက်​ တွင်​ ညီမဖြစ်​သူနှင့်​အတူ သမီးဖြစ်​သူ အား ယင်းမာပင်​ တိုက်​နယ်​​ဆေးရုံ သို့ ​ခေါ်​ဆောင်​ပြသရာ

ဆရာဝန်​က မိထ္တီလာ မြို့ သို့ သွား​ရောက်​ ပြသရန်​ ​ပြောသဖြင့်​မိထ္တီလာ မြို့ရှိ အပြင်​​ဆေးခန်း တခုသို့ သွား​ရောက်​ပြသခဲ့ရာ ဆရာဝန်​ က သမီး ဖြစ်​သူ မ…….တွင်​ ကိုယ်​၀န်​ ၆ လ ရှိ​နေပြီဟု ​ပြောသဖြင့်​ ရွာသို့ပြန်​လာကြ၏။

နေအိမ်​​ရောက်​​သောအခါ သမီးဖြစ်​သူ အား”ဘယ်​သူနဲ့ရတဲ့ ကိုယ်​၀န်​လည်းဟု “​မေးရာ သမီးဖြစ်​သူ က ဘာမှ ပြန်​မ​ဖြေသဖြင့်​စက်​တင်​ဘာလ. ၁ ရက်​​နေ့ တွင်​ သမီးဖြစ်​သူအား ၀ိုင်းဝန်း ​ချော့​မော့​မေးမြန်းကြရာ ယခုကိုယ်​၀န်​ မှာ အစ်​ကိုအရင်းဖြစ်​သူ မျိုးညွန့်​ (ခ)​နေမျိုး ၂၀ နှစ်​ နှင့်​ ရသည့်​ ကိုယ်​၀န်​ ဖြစ်​​ကြောင်း​ပြောပြသိရှိခဲ့သည်​။

သားဖြစ်​သူ မျိုးညွန့်​ (ခ) ​နေမျိုးအား ​မေးမြန်းရာသားဖြစ်​သူ ကလည်း ၎င်း၏ ညီမဖြစ်​သူ အားအလိုမတူဘဲ သားမယားအဖြစ်​ ပြုကျင့်​ ခဲ့​ကြောင်း ၀န်​ခံသဖြင့်​ မျိုးညွန့်​ (ခ)​နေမျိုးအား ဥပ​ဒေ အရအ​ရေးယူ​ပေးရန်​ ယင်းမာပင်​ နယ်​​မြေ ရဲစခန်း သို့​ဒေါ်……မှ တရာလိုပြုလုပ်​ပြီး တိုင်​တန်းရာရဲစခန်း မှ ရာ/ကြီး ပုဒ်​မ ၃၇၆ ဖြင့်​ အမှု့ဖွင့်​ ဖမ်းဆီး အ​ရေးယူ ​ဆောင်​ရွက်​​နေ​ကြောင်းဂျာနယ်​ တွင်​ ​ရေးသား​ဖော်​ပြထားပါတယ်​ ။

tinlayzaw မှု့ခင်းသတင်းဂျာနယ်

Loading...

Facebook Comments