မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့အသည်းကိုပက်ပက်စက်စက် ခွဲသွားတဲ့ ပိုင်တံခွန်နဲ့ စုလှိုင်ဝင်း

ကိုရီးယားမင်းသားတွေလို အသားဖြူဖြူနဲ့ ချောမော တဲ့မျက်နှာတို့ကို ပိုင်ဆိုင်ထားတာကြောင့် မိန်းမပျို လေးတွေရဲ့ အသည်းကျော်တစ်ဦး ဖြစ်နေတဲ့ ပိုင်တံခွန်နဲ့ ယောက်ျားလေးပရိသတ် တွေအသည်းစွဲ တစ်ဦးဖြစ်တဲ့ လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတွေကြောင့် နာမည် ကျော်ခဲ့တဲ့ Cover Dance တွေ ကလေ့ရှိတဲ့ စုလှိုင်ဝင်းတို့ရဲ့ စုံတွဲ ပုံရိပ်တွေ လူမှုကွန် ယက် စာမျက်နှာမှာ ပျံ့နှံ့လာတဲ့အပေါ် ပရိသတ်တွေ အသည်းတွေ ပိုးစိုးပက်စက် ကွဲခဲ့ရပါတယ် ။

အမျိုးသမီး ပရိသတ်တွေရဲ့ သည်းသည်းလှုတ်ဝန်းရံခံနေရတဲ့ ပိုင်တံခွန်ရော ယောက်ျားလေး ပရိသတ်တွေ သည်းသည်းလှုတ် ဝန်းရံခံထားရတဲ့ စုလှိုင်ဝင်းတို့ရဲ့ စုံတွဲပုံရိပ်တွေကြောင့် ဖန်တွေ လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ရပါတယ် ။ ကာယကံရှင်တွေကတော့ ပရိသတ်ကို ဘာမှ ပြန်လည်ဖြေရှင်းတာမျိုးမပြုလုပ်သေးပါဘူး ။

ချစ်ရတဲ့မိန်းကလေးရှိပေမယ့် လက်ရှိမှာ တော့ ချစ်သူမရှိသေးဘူးလို့ ပြောခဲ့တဲ့ ပိုင်တံခွန်က တကယ်လို့ချစ်သူရှိလာခဲ့ရင်လည်း ပရိသတ်တွေ ကိုဖုံးကွယ်မထားဘူးလို့ ဆိုခဲ့ပေမယ့် အခုတော့ သူတို့ရဲ့အချစ်ရေးက ပရိသတ်တွေကြားမှာ အံ့အားသင့်စရာဖြစ် ခဲ့ရပါတယ် ။

အခုလို နာမည်ကျော် ဆယ်လီ နှစ်ယောက်ရဲ့ စုံတွဲပုံရိပ်တွေကတော့ ပရိသတ်တွေရဲ့ အသည်း ကို ပက်ပက်စက်စက်ခွဲလိုက် သလိုပါဘဲ ။ နှမြောတသဖြစ်နေတဲ့ ပရိသတ်တွေရှိ သလို ဝေဖန်ပြောဆိုနေကြတဲ့ပရိသတ်တွေရှိနေပါတယ် ။ ရှေ့ဆက်ပြီးသူတို့ရဲ့အချစ်ရေးကို အတိလင်း ပရိသတ်ကို ချပြမလား ဘယ်လိုဖြေရှင်းချက်တွေ ပေးဦးမလဲဆိုတာကိုတော့ ပရိသတ်တွေက စောင့်ကြည့်လိုက်ပါဦးနော် ။

Source : Facebook
Credit : swelsonenews

 

 

Loading...

Facebook Comments