နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ပုတ်ခတ်စော်ကားတဲ့ စာသားများရေးသားခဲ့သူ ငါးမင်းဆွေကို အလုပ်နဲ့ထောင်ဒဏ် ၇နှစ်နဲ့ ငွေ ဒဏ်တစ်သိန်းချမှတ်

ရန်ကုန်၊စက်တင်ဘာ၁၈

လူမှုကွန်ရက် စာမျက်နှာပေါ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ပုတ်ခတ်စော်ကားတဲ့ စာသားများ ရေးသားတင်ခဲ့သူ ငါးမင်းဆွေ(ခ)ဦးမင်းဆွေကို ရာဇသတ်ကြီးပုဒ်မ ၁၂၄-က အရ အလုပ်နဲ့ထောင်ဒဏ်ရနှစ်အပါအဝင် ငွေဒဏ် တစ်သိန်းချမှတ်လိုက်ပါတယ်။ ငါးမင်းဆွေဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင် ငါးမင်းဆွေ (ခ)ဦးမင်းဆွေကို ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကအရ ပြစ်မှုကျူးလွန်းကြောင်းထင်ရှားတဲ့အတွက် အနောက်ပိုင်းခရိုင်တရားရုံး။တွဲဖက်ခရိုင်တရားသူကြီးတရားခွင်မှာအမိန့်ချမှတ်လိုက်ခြင်းဖြစ်ပါတယ်။ တရားခံငါးမင်းဆွေက အမှုနဲ့ပတ်သက်ပြီး ရှေ့နေငှားရမ်းခြင်းမရှိဘဲ အမှုအား ကိုယ်တိုင်ထုချေပခဲ့တာဖြစ်ပါတယ်။ ရာဇဝတ်ကျင့်ထုံဥပဒေ ၁၉၆အရ နိုင်ငံတော်သမ္မတရုံးရဲ့အခွင့်အာဏာအပ်နှင်းချက်နဲ့ မူးခင်းရဲတပ်ဖွဲ့မှဒုတိယရဲမှူးကြီးသာထွန်းကတရားလိုပြုလုပ်ထားခြင်းဖြစ်ပါတယ်။

 

ငါးမင်းဆွေကို ဒုတိယရဲမှူးကြီးသာထွန်းမှ တရားလိုပြုလုပ်ပြီး ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်တရားရုံးထံ ဇူလိုင်လ ၁၃ရက်နေ့မှာ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က အရ ဦးတိုက်လျောက်ထားတရားစွဲဆိုးခဲ့ပါတယ်။ ငါးမင်းဆွေကိုဇူလိုင်လ ၁၂ရက်နေ့မှာ လှိုင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ လှိုင်မြင့်မိုလ်အိမ်ရာ၊ မာဃလမ်းရှိ ငါးမင်းဆွေနေအိမ်မှာ လှိုင်မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ ရာဇသတ်ကြီးဥပဒေ အခန်း(၆)ပြည်ထောင်စုအစိုးရကို ဆန့်ကျင်ကျူးလွန်တဲ့ပြစ်မှုများ

ပုဒ်မ ၁၂၄-က(အကြည်ညိုပျက်အောင်ပြုခြင်း)မည်သူမဆို နှုတ်နဲ့ဖြစ်စေ၊ စာနဲ့ဖြစ်စေ၊ အမှတ်အသားနဲ့ဖြစ်စေ၊ ထင်ရှားတဲ့ပုံသဏ္ဍန်နဲ့ဖြစ်စေ၊ အခြားနည်းနဲ့ဖြစ်စေ၊ ပြည်ထောင်စုအတွက်၊ သို့တည်းမဟုတ် ပြည်ထောင်စုအဖွဲ့ဝင်များအတွက်၊ဥပဒေအရ တည်ထောင်ထားတဲ့ အစိုးရကို မုန်းထားအောင်သော်လည်းကောင်း၊ မလေးမစားအောင်သော်လည်းကောင်း ပြုပါက သို့တည်းမဟုတ် ထိုကဲ့သို့ပြုရန်အားထုတ်ရင် သို့တည်းမဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်ရန် အားထုတ်ရင်ထိုသူကို ငွေဒဏ်နဲ့တကွ ထောင်ဒဏ် အနှစ် ၂ဝဖြစ်စေ၊ ငွေဒဏ်နဲ့ တကွသုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ၊ချမှတ်ရမယ်လို့ ပြဌာန်းထားပါတယ်။

နှင်းနှင်း
Credit : www.kumudranews.com

Loading...

Facebook Comments