မလေးရှားတွင် အရက်တုသောက်၍ လေးရက်အတွင်း မြန်မာလုပ်သား ၁၂ ဦး သေဆုံး

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာ လုပ်သားများသည် မြန်မာတံဆိပ်ဖြင့် အရက်အတုများသောက်၍ လေးရက်အတွင်း ၁၂ ဦး သေဆုံးပြီး သုံးဦးမှာ အရေးပေါ်ဆေးကု သမှုခံယူနေရကြောင်း မလေးရှားအခြေစိုက် ကပုန်းခုနစ်ရက်သား သမီးနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောသည်။
မလေးရှားနိုင်ငံ ကပုန်း၊ ဆမုံညှင်းနှင့် ရာဝမ်းမြို့တို့တွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား များသည် မြန်မာအမှတ်တံဆိပ် အသုံးပြုထားသော အရက်တုများ သောက်သုံးမှုကြောင့် သေဆုံးခြင်း ဖြစ်ကြောင်း ဦးစန်းဝင်းက ပြောသည်။

စက်တင်ဘာ ၁၇ ရက်တွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ လာရောက်အလုပ်လုပ်ကိုင်သူ မြန်မာလုပ်သားသုံးဦးသည် အ ရက်တုများသောက်၍ သေဆုံးခဲ့ ပြီး ယမန်နေ့တစ်ရက်တည်း သေဆုံးသူလေးဦးအထိ ရှိခဲ့သည်ဟုဆိုသည်။

‘‘သေတဲ့ သူတွေအနားမှာ တော့ အရက်တုပုလင်းတွေ တွေ့ တာပေါ့။ နေ့စဉ်ဆက်တိုက်ဖြစ် နေတော့ သံရုံးကလည်း ဖြစ်စဉ် ကို လိုက်လံစုံစမ်းနေတယ်။ သေ တဲ့သူတွေ အကုန်လုံးက ပါးစပ် က အမြှုပ်တွေထွက်တယ်။ အန် တာတွေ တွေ့ရတယ်’’ဟု ဦးစန်း ဝင်းက ပြောသည်။

သေဆုံးမှုများ ဆက်တိုက် ဖြစ်ပွားနေ၍ မလေးရှားရဲတပ်ဖွဲ့ က အရက်တုထုတ်လုပ်သူများကို ရှာဖွေဖမ်းဆီးနေကြောင်း မလေးရှားရောက် မြန်မာလုပ်သားများ ကို ကူညီပေးနေသော မြန်မာအဖွဲ့အစည်းများက ပြောသည်။

စက်တင်ဘာ ၁၄ ရက်က တည်းက စတင်သေဆုံးခဲ့ပြီး ယင်းနေ့တွင် မြန်မာလုပ်သားနှစ်ဦးသေဆုံးခဲ့သည်။

မြန်မာလုပ်သားသေဆုံးမှု နှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးသို့ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်မရပေ။

၂၀၁၂ ကလည်း မလေးရှား ရောက် မြန်မာလုပ်သားများ အရက်တုသောက်၍ တစ်လအတွင်း ၃၅ ဦး သေဆုံးခဲ့ကြောင်း ကပုန်းခုနစ်ရက်သားသမီးနာရေးကူညီမှု အသင်း(မလေးရှား)က ထုတ်ပြန် ထားသည်။

Credit :www.7daydaily.com

Loading...

Facebook Comments