ယနေ့ ဖခင်ဖြစ်သူကွယ်လွန်သွားလို့ ဝမ်းနည်းစိတ်မကောင်းဖြစ်နေတဲ့ မင်းသမီးလေး ဆိုင်းမိုင်

မိုးကောင်းကင်အိမ်မက်များ ရုပ်သံစီးရီးမှာဆိုင်းမိုင်အဖြစ်သရုပ်ဆောင်ခဲ့တဲ့သရုပ်ဆောင်ပိုးကြာဖြူခင်ရဲ့ဖခင် ယနေ့ကွယ်လွန်သွားကြောင်းသိရပါတယ်။

ပိုးကြာဖြူခင်ကသူ့ဖခင်ကွယ်လွန်မှုနဲ့ပတ်သက်ပြီး သူ့ရဲ့Facebook မှာအခုလိုရေးသားထားတာက” ဒီနေ့ မိုးကောင်းကင်အိပ်မက် နောက်ဆုံးနေ့ .ကျွန်မအဖေရဲ့ နောက်ဆုံးနေ့ ။ ကျွန်မရဲ့ အောင်မြင်မှု အပေါ် သိပ်ဂုဏ်ယူတဲ့ ကျွန်မအဖေ စိတ်သဘောထားဖြူစင်ပြီး

အရာရာအကောင်းမြင်စိတ်ရှိတဲ့ကျွန်မအဖေ သားသမီးတွေအတွက် အမြဲကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ ကျမအဖေ ကောင်းရာမွန်ရာ ဘဝမှာ ပျော်ရွှင်စွာနေနိုင်မယ်လို့ ကျွန်မ ယုံကြည်တယ်။ကျွန်မ အဖေဖြစ်စေချင်တဲ့အတိုင်း ကျွန်မ အရင်ထက် နှစ်ဆ ပိုကြိုးစားမယ် ။ ပါးကြီး ကောင်းရာမွန်ရာဘဝကိုရောက်ပါစေ” လို့ရေးသားထားပါတယ်။

မှတ်ချက်-ပေါ်ပြူလာဂျာနယ်မှတဆင့် ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

Loading...

Facebook Comments