ဒေါ်အောင်ဆန်းစုကြည်ကို ဖွားဖွားစုလို့ ခေါ်တတ်နေပြီဖြစ်တဲ့ ခေတ်နဲ့သစ်

အောင်မြင်မှုတွေရရှိထားပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေကတော့ အမြွှာ သမီးလေး (၂) ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်ကို တုန်နေအောင် ချစ်ကြသူတွေလည်းဖြစ်ပါတယ်။ ခေတ်နဲ့သစ်ကတော့ ဖေဖေ၊မေမေတို့ရဲ့ အသည်းနှလုံးဖြစ်ရုံတင်မက ပရိသတ်တွေကပါ သည်းသည်းလှုပ်ချစ်တာခံရသူတွေလည်း ဖြစ်ပါတယ်။

မကြာသေးခင်ကမှ စင်ကာပူနိုင်ငံကို မေမေချစ်သုဝေနဲ့အတူ ခေတ်နဲ့သစ်တို့က အလည်အပတ်သွားရောက်ခဲ့ကြတာလည်းဖြစ်ပါတယ်။ မေမေချစ်သုဝေကတော့ ခေတ်နဲ့သစ်ရဲ့ ပုံလေးတွေကို သူမအကောင့်မှာ အမြဲမပြတ်တင်လေ့ရှိတာလည်းဖြစ်ပါတယ်။

ယနေ့မှာတော့ ဖေဖေလင်းလင်းက အရမ်းသဘောကျစရာ ဗီဒီယိုဖိုင်လေးတစ်ခုကို မျှဝေထားတာလည်း ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်ကို ခေတ်နဲ့ သစ်လေးက ဖွားဖွားစု လို့ခေါ်နေတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။

သိပ်ချစ်ဖို့ကောင်းတဲ့ ခေတ်နဲ့သစ်က အသက်ငယ်သေးပေမယ့် ဖွားဖွားစုလို့ခေါ်တတ်နေပြီဖြစ်ပါတယ်။ ခေတ်နဲ့သစ်ရဲ့ သိပ်ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးကိုလည်း မျှဝေပေးလိုက်ပါတယ်နော်။

We Love Cele
Video Source-Htwe Lynn Ko Facebook

 

Loading...

Facebook Comments