အမေချိုပြုံးဆီကို အိမ်လည်သွားရင်း အဖိုးမဖြတ်နိုင်တဲ့ ဆုံးမစကားတွေကြားခဲ့ရတဲ့ ရဲသွေး

မင်းသားချောလေး စည်သူဝင်းကတော့ mrtv -4 ရုပ်သံဇာတ်လမ်းတွဲလေးတွေက တစ်ဆင့် ပရိသတ်တွေနဲ့ ရင်းနှီးမှုတွေ စတင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ချောမောခန့်ညားတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့ စည်သူဝင်းကိုတော့ ပျိုပျိုမေလေးတွေကို ပိုပြီးအားပေးချစ်ခင်ကြတာ တွေ့ရပါတယ်။ ” လူရည်ချွန်” ဆိုတဲ့ရုပ်သံဇာတ်လမ်းတွဲလေးမှာ ဆရာဝန်လေးအဖြစ် သရုပ်ဆောင်ခဲ့တာကိုတော့ ပရိသတ်တွေ မှတ်မိဦးမယ် ထင်ပါတယ်။

 

ယနေ့မှာတော့ စည်သူဝင်းတစ်ယောက် မိဘလိုလေးစား ချစ်ခင်ခဲ့ရတဲ့ အမေချိုပြုံးဆီကို အိမ်လည်သွားခဲ့ပါတယ် ။စည်သူဝင်းကတော့ ” အမေချိုပြုံး သားပုံးချို အမေ့အိမ်အလည်သွားတာ သတိရလို့ စကားတွေလဲအများကြီးပြောခဲ့တယ် အမေ့ဆုံးမစကားတွေလည်း နားထောင်ခဲ့တယ် ” ဆိုပြီး ပြောထားပါတယ်။ စည်သူဝင်းတစ်ယောက် အမေ ချိုပြုံးဆီကို အိမ်လည်သွားရင်း တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးမစကားတွေ ကြားခဲ့ရပါတယ်။

စည်သူဝင်းကတော့ စည်သူက ဇာတ်လမ်းတွဲလေးတွေနဲ့ photo shootoing တွေ ရိုက်ကူးနေရပြီး အခုလက်ရှိမှာ ပြသနေတဲ့ “မိုးကောင်းကင်အိပ်မက်” ဇာတ်လမ်းတွဲလေးမှာလည်း ရဲသွေးဆိုတဲ့ ကောင်လေးနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ချစ်ပရိသတ်တွေအတွက် စည်သူဝင်းရဲ့ အမေချိုပြုံးဆီကို အိမ်လည်သွားတဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

credit – myanmarload

Loading...

Facebook Comments