အကျဉ်းသားထင်မှတ်၍ ရေသန့်ဗူးကောက်သူများကို မှားယွင်းဖမ်းမိမှု ဘားအံတွင်ဖြစ်ပွား

စက်တင်ဘာ ၁၇

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် စက်တင်ဘာ ၁၇ ရက် (ယနေ့) အကျဉ်းထောင်ဖောက် ထွက်ပြေးသွားသော အကျဉ်းသားများထင်မှတ်၍ ရေသန့်ဗူးကောက်သူများကို မှားယွင်းဖမ်းဆီးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မှားယွင်းဖမ်းဆီးမိသူများမှာ ဘားအံမြို့၊ အမှတ် ၉ ရပ်ကွက်၊ ရွှေရတနာကျောင်း အနောက်လမ်း နေထိုင်သူများဖြစ်ကြသော ဦးအောင်ထွန်း၊ ဦးထွန်းနိုင် နှင့် ဦးနိုင်လေး တို့ဖြစ်ကြောင်း သိရသည်။

 

“ထွက်ပြေးသွားတဲ့ အကျဉ်းသားတွေမှတ်ပြီး မှားယွင်းသတင်းပို့လို့ ရဲတွေ၊ ရပ်ကွက်အုပ်ရေးမှူးတွေ ဝိုင်းဝန်းရှာဖွေဖမ်းဆီးပြီး စစ်ဆေးခဲ့ကြတယ်။ ရိုးရိုးသားသား ရေသန့်ဘူးအခွံတွေကောက်ပြီး ရှာဖွေစားသောက်နေသူတွေဖြစ်လို့ ပြန်လွှတ်ပေးလိုက်ပါပြီ” ဟု အမှတ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရန်အောင်စိုးက iSee media သို့ ပြောသည်။

ဘားအံအကျဉ်းထောင်တွင် စက်တင်ဘာလ ၁၆ ရက်နေ့က အကျဉ်းသား ၄၁ ဦးမှာ ထောင်သန့်ရှင်းရေး ပြုလုပ်နေစဉ် အကျဉ်းဦးစီးဌာနပိုင် ကားတစ်စီးကို ခိုးယူ၍ အကျဉ်းထောင်ဝင်းတံခါးများကို ဝင်ရောက်တိုက်ဖျက်ကာ ထွက်ပြေးသွားကြကြောင်း သိရသည်။

မိုးကျော်
Credit : Isee Media

Loading...

Facebook Comments