ကျောက်ဆည်ခရိုင်တရားရုံးတွင် တရားခံများအား လိုင်စင်မဲ့မော်တော်ယာဉ်ဖြင့် ရုံးထုတ်ခဲ့ခြင်းဖြစ်စဉ် မန်းရဲထုတ်ပြန်

မန္တလေး၊ စက်တင်ဘာ ၁၇

ကျောက်ဆည်ခရိုင်တရားရုံးတွင် တရားခံများအား လိုင်စင်မဲ့မော်တော်ယာဉ်ဖြင့် ရုံးထုတ်ခဲ့ခြင်းဖြစ်စဉ်နှင့်ပတ်သက်၍ မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်လိုက်ရာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁၃.၉.၂၀၁၈ ရက်နေ့ ကျောက်ဆည်မြို့မရဲစခန်း (ပ)၇၃၁/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄/၁၁၄ အမှုမှ တရားခံများ အား ကျောက်ဆည်ခရိုင်တရားရုံး ၌ဒုတိယအကြိမ် အချုပ်ရီမန်တောင်းခံရာတွင် တရားရုံးထုတ်ရာတွင် အသုံးပြုခဲ့သည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြလာသော ယာဉ်အမှတ် YGN 3I/1589 TOYOTA MARK II မော်တော်ယာဉ်မှာ ၃၀.၈.၂၀၁၈ ရက်နေ့ ကျောက်ဆည်မြို့၊ အမှတ်(၃၂)ယာဉ်ထိန်းတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များသည် ပူးပေါင်းအဖွဲ့ဖြင့် အမှတ်(၈၁) စက်မှုလယ်ယာအနီးတွင် စည်းကမ်းပျက်ယာဉ်များအား စစ်ဆေးဆောင်ရွက်စဉ် သန့်ဇင်ဦး ၄၈နှစ်၊ ရပ်ကွက်ကြီး(၆)၊ ပြင်ဦးလွင်မြို့နေသူ စီးနင်းလာပြီး စစ်ဆေးစဉ် ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်ကွက်၊ ရွှေသာလျောင်း တောင်တက်လမ်းအနီး၌ ဖမ်းဆီးရမိစစ်ဆေးရာ လိုင်စင်မဲ့ယာဉ်ဖြစ်သဖြင့် ကျောက်ဆည်မြို့မရဲစခန်း(ပ) ၇၃၂/၂၀၁၈၊ ပို့/သွင်း ၈ ဖြင့် အမှုဖွင့် အရေးယူထားရှိပြီး ၁၃.၉.၂၀၁၈ ရက်နေ့၌ ကျောက်ဆည်မြို့နယ်တရား ရုံးသို့ တရားစွဲတင်ပို့ရာတွင် အဆိုပါယာဉ်အား တရားရုံးသို့ သက်သေခံပစ္စည်းအဖြစ် တင်ပြရန် တရားရုံးသို့ ယူဆောင်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

Source – မန္တလေးတိုင်းရဲတပ်ဖွဲ့

Loading...

Facebook Comments