မကြာခင် မင်းသမီး ဖြစ်တော့မယ့်ဆိုတဲ့ မြန်မာအိုင်ဒေါက ချမ်းမြေ့မောင်ချို

လက်​ရှိ Myanmar Idol season 3 မှာ​တော့ ပရိသတ်​အကြိုက်​ အား​ပေးမှုခံ​နေရတဲ့ ပြိုင်​ပွဲဝင်​တစ်​ဦးဖြစ်​တဲ့ ချမ်း​မြေ့​မောင်​ချိုဟာ ​လှုမှုကွန်​ယက်​မှာ စိတ်​ဝင်​စားမှုများစွာရရှိထားတာပါ။

ပရိသတ်​​တွေကလည်း အားရပါးရအား​ပေးကြသလို ရုပ်​​ချောပြီး အဆို​ကောင်းတဲ့ ချမ်း​မြေ့​မောင်​ချိုကလည်းအနုပညာသမားရဲ့ သားသမီးမို့ မျက်နှာလိုက်ခံရတယ်ဆိုတဲ့ ဝေဖန်မှုတွေကြောင့်ပိုကြိုးစားဖြစ်တယ် တို့ 8 day ရဲ့အင်​တာဗျူးမှာ ​ဖြေဆိုထားခဲ့တာပါ။

ပြိုင်​ပွဲတစ်​​လျှောက်​ အား​ပေးသူများ​နေတဲ့ ချမ်း​မြေ့​​မောင်​ချိုကို​ အမ​တော်​စပ်​တဲ့ ဒါရိုက်​တာကြည်​ဖြူရှင်​က​တော့ကိုယ်ကသာ ရုပ်ရှင်လိုင်းမလို့ ရုပ်ရှင်ဘက်ကို ဆွယ်ချင်ပေမယ့်လည်း၊ သူတို့ရဲ့ဝါသနာကလည်း ရှိသေးတာပေါ့။ ပြိုင်ပွဲကာလပြီးရင်တော့ ကိုယ်ကတော့ ဘာပဲပြောပြော ဆွယ်တော့ ဆွယ်ကြည့်ရမှာပေါ့ လို့ ​ပေါ်ပြူလာဂျာနယ်​နဲ့အင်​တာဗျူးမှာ ညီမဖြစ်​သူကို မင်းသမီးလုပ်ဖို့ ပြောကြည့်မယ်လို့ ဆိုခဲ့ပါတယ်​။

ကဲ ပရိသတ်​ကြီးလည်း ချမ်း​မြေ့​မောင်​ချိုတစ်​​ယောက်​ အိုင်​​ဒေါရဲ့ Winnerတစ်​ဦးဖြစ်​လာမလားဆိုတာ ရင်​ခုန်​ကြရင်းနဲ့ သူ့ကိုတီဗွီဖန်​သားပြင်​ထက်​မှာ မင်းသမီးတစ်​လက်​အဖြစ်​ မြင်​​တွေ့ရဦးမလားဆိုတာက​တော့ စိတ်​ဝင်​စားစရာပါပဲ။

Credit: နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ

Loading...

Facebook Comments